Zawgyi
............."ကိုလေး ကျွန်တော်ထမင်းအိုးတည်မလို့၊ ရေမချိန်တတ်လို့ကြည့်ပေးဦး"
ခြံထဲတွင်ကုလားထိုင်တစ်လုံးဖြင့် နားကြပ်တပ်၊သီချင်းနားထောင်နေသောလင်းဦးသော်ထံ ရေထည့်ထားသောထမင်းအိုးလေးမလာ၍ သိုးငယ်ကမေးသည်။ လင်းဦးသော်ကနားကြပ်ကိုချွတ်၍ သိုးငယ်ဘက်လှည့်ပြီးဖြေ၏။
"ရေကို လက်နှစ်ဆစ်ထည့်လေ"
"အဲ့ဒါကိုပြောတာ လက်နှစ်ဆစ်မှန်းသိတယ်၊ ဒါပေမယ့်ဘယ်သူ့လက်နှစ်ဆစ်လဲ ကျွန်တော့်လက်ကတိုတိုလေး"
လင်းဦးသော်က သူ့လက်တစ်ဖက်ကိုထုတ်လာပြီး လက်နှစ်ဆစ်အတိုင်းအတာကိုပြသည်။ သိုးငယ်ကလည်း လင်းဦးသော်လက်နှင့်ယှဉ်၍သူ့လက်ကို လက်နှစ်ဆစ်မှတ်သည်။ လင်းဦးသော်နှင့်သိုးငယ် လက်နှစ်ဖက်ယှဉ်ထုတ်လိုက်ချိန် နို့နှစ်ရောင်ကဲ့သို့ဖြူဥနေသောသိုးငယ်လက်ကြောင့် လင်းဦးသော်လက်ကမဲသွားသလိုဖြစ်သွား၏။
"ဟာ..."
လင်းဦးသော်က ဟာခနဲသူ့လက်ကိုအမြန်ပြန်ရုပ်လိုက်သော်လည်းမမီတော့ပေ။ သိုးငယ်လက်ကလေးများကအင်မတန်ဖြူနှစ်၍ လက်ချောင်းလေးများကခပ်တိုတိုပြည့်ဖောင်းဖောင်းကလေးလက်လေးကဲ့သို့ဖြစ်နေပြီး လင်းဦးသော်၏လက်ဝါးကတော့ကြီးမားကျယ်ပြန့်ပြီးသွေးကြောများထင်းနေသောလက်ဖျံမှာညိုစိမ့်နေသည်။ နှိမ်လိုသည့်သဘောဖြင့်မဟုတ်သော်လည်း သိုးငယ်မှာရယ်မိ၏။ ကာယကံရှင်လင်းဦးသော်ပင် မနေနိုင်တော့ဘဲသိုးငယ်နှင့်အတူရယ်မောတော့သည်။
"တော်ပါကွာ မင်းလက်ကြီးကလည်းဖြူစုတ်နေတာပဲ၊ မသာလက်ကြီးကျလို့"
လင်းဦးသော်စကားကြောင့် သိုးငယ်မှာဒေါခွီးလေပြီ။
"အံမာ... ကျွန်တော့်လက်ကအလုပ်ကြမ်းမလုပ်ဖူးလို့နုဖက်နေတာဗျ၊ ရည်းစားရရင် ရည်းစားကမလွှတ်တမ်းကိုင်ချင်မယ့်လက်မျိုး""