" ငါသွားတော့မယ် reno " ဟု ဆိုတာ အတန်းထဲက ထွက်လာခဲ့လိုက်သည် ။




အချိန်ကိုကြည့်လိုက်တော့ ညနေ ၄:၂၀ တိတိ ။

နောက်ကျနေပြီလားဆိုတဲ့ အသိနဲ့ လူကအလိုလိုခြေလှမ်းတွေကိုသွက်မိသည် ။

ထင်တဲ့အတိုင်းပဲ ဘောလုံးကွင်းကိုရောက်တော့ သူ ရောက်နေပြီ ။ ဆင်တူ uniform တွေဝတ်ထားတဲ့ လူတွေကြားထဲရောက်နေတာတောင် သူ့ ကို အရင်ဆုံးမြင်နေကြ ။
အဝေးကနေကြည့်နေရင်တောင် တစ်ချက်ဝေ့ကြည့်လိုက်တာနဲ့ ဂျိတ်ခ်ရဲ့ မျက်လုံးတွေက သူ့ ဆီမှာ အချိန်တိုင်း ခစားနေမြဲ ။ တုံ့ပြန်ခြင်းမရှိတဲ့ ဒီ နိယာမ ကိုတော့ ဂျိတ်ခ်က နည်းနည်းသဘောကျသည် ။


ဘောလုံးကွင်းနဲ့ မျက်နှာချင်းဆိုင်က cafe ဆိုင်ထဲကို ဝင်လိုက်တော့ သူထိုင်နေကြ ထောင့်နေရာလေးက လွတ်နေသည် ။ လွတ်မှာပေါ့ ။ အဲ့လို ထောင့်နေရာမျိူးကို ဘယ်သူမှ ဝင်ထိုင်လေ့မရှိ ။ မှောင်လည်းမှောင်ပြီး တစ်ယောက်ခုံလေးပဲရှိတာမို့ အဆင်မပြေ ။ ဒါပေမယ့် ဂျိတ်ခ် အတွက် အဆင်ပြေတာထက်ပိုသည် ။

အပြင်လောကနဲ့ မှန်တစ်ချပ်ပဲခြားထားတဲ့ ထိုနေရာကနေ ဘောလုံးကစားနေတဲ့ သူ့ကို ကောင်းကောင်းလှမ်းမြင်နိုင်တာမို့ ။

ထိုင်နေကြ နေရာမှာ ဝင်ထိုင်ပြီး laptop ကိုဖွင့်လိုက်သည်။
မသိရင်တော့ စာလာလုပ်သည့် သာမန်ကျောင်းသားလေးပေါ့ ​။ အဲ့လိုမဟုတ်တာတော့ ဂျိတ်ခ်ကိုယ်တိုင်ပဲသိသည် ။

သူ ဒီကို လာတာ ပတ်ဆောင်ဟွန်း ကို တွေ့ရဖို့ ။
Vanilla Latte လေးကိုငြိမ်ငြိမ်လေးထိုင်သောက်နေရင်းကကွင်းထဲမှာပြေးလွှားနေတဲ့ သူ့ပုံရိပ်ကိုငေးရတာနဲ့တင် ဂျိတ်ခ်အတွက် လုံလောက်နေပြီ ။
ချွေးရွှဲနေတဲ့ သူ့ဆံပင်ကို သပ်တင်လိုက်တဲ့ အချိန်တို့၊
ကမ်းပေးလာတဲ့ အအေးတွေကိုလျစ်လျူရှုပြီး သူ့လွယ်အိတ်ထဲက ရေဘူးကို မော့သောက်လိုက်တဲ့အချိန်တို့ကို သူ အသည်းစွဲအောင် မှတ်ထားသည် ​။

ပတ်ဆောင်ဟွန်း သည် ရူးသွားချင်စရာကောင်းလောက်အောင် ချောလွန်းသည် ။






𝐩𝐫𝐨𝐦𝐢𝐬𝐞 𝐭𝐨 𝐝𝐚𝐢𝐬𝐲 ! Where stories live. Discover now