(4)

5.3K 1K 55
                                    

[Unicode]

Huang Yu Yan နဲ့ တူတူအိပ်ပြီးသွားကတည်းက Kai Xin ကအမြီးလေး လှုပ်တုတ်လှုပ်တုတ်နဲ့ Huang Yu Yan ဘဝထဲမှာ အရင်လိုပဲ ဆက်နေတယ်... အိမ်မှာ တိတ်တိတ်လေးနေပြီး Huang Yu Yan ရဲ့ ဝေယျဝိစ္စ တွေကို လုပ်ပေးတယ်... ဒါပေမယ့် သူတို့ ဟိုတစ်နေ့ညက တစ်ခါပဲ အိပ်ဖူးခဲ့တယ်...


မင်းဒီနေ့ညအားလား?


အမ်?


ငါ Booking လုပ်ထားတယ်... အပြင်မှာ ထမင်းထွက်စားကြရအောင်!


ဟမ်!


မစားချင်ဘူးလား?


ဟင့်အင်း ဟင့်အင်း... ငါ... ငါစားချင်တယ်... ငါစားချင်တာပေါ့!


အလုပ်ကဆင်းရင် မင်းကိုငါလာခေါ်မယ်!


အင်း အင်း


အဲဒါ Huang Yu Yan ပထမဆုံးတစ်ခေါက် Kai Xin ကို တူတူထမင်းစားဖို့ ဖိတ်တာ... ပြီးတော့ အရမ်းနာမည်ကြီးတဲ့ ပြင်သစ်စားသောက်ဆိုင်မှာ... ဘေးနားမှာ နွေးထွေးတဲ့ မီးရောင်လေးတွေရှိတယ်... ကြည်နူးဖွယ် သီချင်းသံလေးရှိတယ်... ဈေးကြီးတဲ့ ဇွန်းခရင်းတွေရှိတယ်... ဘယ်နေရာကြည့်လိုက်ကြည့်လိုက် အထက်တန်းကျတယ်လို့ ခံစားရတယ်... အဲဒါတွေထက် Kai Xin ပိုပျော်တာက သူထင်တဲ့ Huang Yu Yan ရဲ့ "အချစ်" ကို ရခဲ့ပြီပေါ့...


ယို့~ ဒါ Manager Huang မဟုတ်ဘူးလား?


အယ်ယိုး ~ ငါက Lan မိန်းကလေးလို့ထင်နေတာ... လတ်စသတ်တော့ Lan မိန်းကလေးနဲ့ ရုပ်ဆင်တဲ့ ကောင်လေးကို...


ကျွတ်ကျွတ် ~ Manager Huang , မင်းလည်း အရမ်းစိတ်မဆင်းရဲပါနဲ့... Lan မိန်းကလေး မင်္ဂလာဆောင်သွားတာ တစ်ပါတ်ပဲ ရှိသေးတယ်... မင်းက ဒီလောက်ရုပ်ချင်းဆင်တူတဲ့တစ်ယောက်ကို ရှာတွေ့တာ မင်းတော်တော်ကံကောင်းပါတယ်...


အော်... မင်းတို့ ထမင်းစားနေတာ အနှောင့်အယှက်များ ဖြစ်သွားလား? ဆောရီးနော်... ငါသွားတော့မယ်... မင်းတို့ အေးဆေးဆက်စား... Manager Huang ပြီးတော့ ဒီက "Lan ကောင်လေး"

Kai Xin လို့ခေါ်တဲ့ အရူးလေးတစ်ယောက်ရှိတယ် (有个傻瓜叫开心)Where stories live. Discover now