"နောက်ထပ်ဘာမှမလိုပါဘူး"

"Okayလေ ဖွားဖွား လာရင်ငါအကုန်ရှင်းပြလိုက်မယ်...
ဒါနဲ့...မင်းက ဘယ်နေ့ပြောင်းမှာလဲ"

"အခု"

အိမ်ပေါက်ဝက အထုပ်အပိုးတွေဆီ ငေးကြည့်ရင်း သူမ အဖြေက ပြတ်သားစွာ။ နံရံပေါ်က တချက်ချက်မြည်နေတဲ့ နာရီလက်တံက ၈နာရီ...။ ထိုအမျိုးသားသည် မျက်ခုံးကိုပင့်လျက် အနည်းငယ် စဉ်းစားဟန်ပြုပြီးမှ...

"မနက်ဖြန်မှသွားပါ ညကြီးမင်းကြီး ဒီအချိန်မှ မိန်းကလေးတစ်ယောက်ထဲမပြန်ပါနဲ့။ အထုပ်တွေအပိုးတွေရော..."

အချိန်မရှိတော့ဘူးဆိုကာမှ ကောင်းပြနေပုံက...မလိုအပ်ဘူး နေပါစေ။

"ရပါတယ် ကျွန်မ...."

"ငါက ခဏနေအပြင်သွားမှာ မင်းအတွက်အနှောက်ယှက်မဖြစ်ဘူး။တစ်ဆိတ် မင်းခင်ပွန်းရဲ့ နောက်ဆုံးတောင်းဆိုချက်ဆိုပြီး လက်ခံမပေးနိုင်ဘူးလား သီရိမေ"

ပြောရင်းဆိုရင်း ကားသော့ကိုယူထွက်သွားပြီဖြစ်တဲ့ ထိုလူသား၏ နောက်ကျောကိုသာ ငေးလျက်...

"အခုတော့ ခင်ဗျားစောင့်နေတဲ့နေကိုရောက်လာပြီပေါ့ ...ဦစိုင်းနေရောင်"

တဖြေးဖြေးဝေးသွားပြီဖြစ်တဲ့ ကားသံဟာ နောက်ဆုံး လုံးဝပျောက်ကွယ်သွားပြီးတတ်ဆိတ်ခြင်းများသာ ကြီးစိုးလာလျက်...

"ဖွားဖွား...ဖွားဖွား က သမီးမလိုချင်တဲ့လက်ဆောင်ကို ပေးခဲ့တယ်နော်။ အခု ဖွားဖွား ရဲ့လက်ဆောင်ကို ပြန်ပေးခဲ့ပြီအဖွားရေ ...လက်ဆောင်ဆိုတာ ထိုက်မှရတာမျိုးပါ သမီးဆီမပျော်တဲ့ လက်ဆောင်ကို သိမ်းမထားချင်ဘူးလေ...ခံစားချက်ရှိတဲ့လက်ဆောင်မျိုး နောက်ထပ်လက်မခံချင်တော့ဘူး...အဖွား"

မနှစ်က ဒီလိုနေ့မျိုးပေါ့ May25...
သူမတို့ လက်ထပ်စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တာ...
ဒီနေ့ May25...
မင်္ဂလာနှစ်ပတ်လည်နေ့ ကွာရှင်းစာချုပ်မှာ ကျွန်မလက်မှတ်ရေးထိုးခဲ့ရပြန်ပြီ...ဘာလို့ ဒီနေ့မှ ဖြစ်နေရတာလဲ...ဘဝကြီးက ဆန်းကြယ်လိုက်တာ...။

"လမ်းခွဲကြပြီဆိုမှတော့ ပြန်မတွေ့ကြစတမ်းပဲနှုတ်ဆက်ကြတာပေါ့..."
#PoMoNyeinAye (Lily)

လမ်းခွဲကြပြီးနောက်Where stories live. Discover now