2

9.7K 322 0
                                    

လမ်းခွဲကြပြီးနောက်
Part 2
Before we meet

လွန်ခဲ့သော တစ်နှစ်ကျော်ကာလက...
ကံကောင်းခြင်းလား ကံဆိုးခြင်းလားမသိတဲ့ ဘာမှန်းမသိခြင်းတွေက အဲ့ဒီနေ့က စတာ...။
"စံပယ်ပန်းတွေဝယ်ကြပါအုံးရှင့် သတင်းစာတွေ ဝယ်ကြပါအုံးရှင့်"ဆိုတဲ့ အော်သံလေးကို ထပ်ခါထပ်ခါအော်ရင်း ချွေးတွေသံတွေကြားက သူမပြုံးလိုက်ရသေးသည်။ အပြုံးဆိုတာမျိုးက လူတိုင်းကိုအေးချမ်းစေသလို ကူးစက်ကောင်းတဲ့ ဗိုင်းရပ်စ်ကလေး...။သူမအပြုံးကိုကြည့်ပြီး တစ်ခြားသူတွေ လိုက်ပြုံးမိပါစေဆိုသော ဆန္ဒကလေးဖြင့်...
"ခလေးမ ဒီက စံပယ်ပန်း"
Taxiမောင်းသမားတစ်ယောက် လှမ်းခေါ်ရာဆီသို့ သူမသွက်လက်စွာ...
"စံပယ်ပန်းပဲလား...သတင်းစာရော ယူအုံးမလား"
"ယူပါမယ်ဗျာ...ရောင်းကောင်းရဲ့လား ခလေးမ"
သူမက မျက်လုံးကလေးတွေကိုပျောက်သွားအောင် ရယ်လိုက်ရင်း...
"ဟုတ်...ရောင်းကောင်းပါတယ်ဦး"
ဖြေရင်း စံပယ်သုံးကုံးနဲ့ သတင်းစာတစ်စောင် ပေးလိုက်သည်။ ကားသမားကြီးက ပြုံးကာ အကြွေတွေပေးရင်း
"ညည်းတို့လို လူငယ်လေးတွေရှိတာ သိပ်ကောင်းတယ်။ ကဲ...သူတော်ကောင်းမလေး ရောင်းကောင်းပါစေ
ဘဝမှာ ရေလိုအေးလို့ ပန်းလိုမွှေးပါစေဗျာ...ဆက်သွား ဆက်သွား..."
ကွမ်းစားထားလို့ ရဲနေပေမယ့် သူ့အပြုံးတွေဟာ သန်ရှင်းကြကြောင်း သီရိမေ သေချာသိသည်။ သူမ ကျန်တဲ့ကားတွေဆီ ဆက်လက်ချီတက်ခဲ့သည်။ ဂျင်းပင်ကလေးနဲ့ တီရှပ်အဖြူရောင်ကလေးဝတ်ကာ ဆံပင်ဂုတ်ထောက်ကလေးနဲ့ သူမပုံက ပလက်ဖောင်းဘေးက ပန်းရောင်းတဲ့သူမဟုတ်မှန်း သိသာလှသည်။ တစ်ချို့က ထူးဆန်းသလို ကြည့်နေကြပေမယ့် ဖြတ်နေကျ Taxiသမားတွေအတွက် ပိတ်ရက်တိုင်းမြင်ရတဲ့ ဒီမြင်ကွင်းဟာ မဆန်းတော့။ ခပ်မြင့်မြင့်ကားအနက်ရောင်ကြီးနားကိုရောက်တော့ ခါတိုင်းလို အသံစာစာကလေးဖြင့်...
"စံပယ်ပန်း ယူ..."
သူမစကားတို့ လေထဲတွင်ရပ်တန့်သွားရခြင်းမှာ အသားဖြူဖြူ လူတစ်ယောက်နဲ့ နှုတ်ခမ်းနီနီ ကောင်မလေးတစ်ယောက်...သူမရောက်တဲ့အချိန် ကောင်မလေးက ထိုကိုလူချောကို ဆွဲယူနမ်းပစ်လိုက်ပုံက...သီရိမေ ကြောင်က ရပ်ကြည့်နေစဉ် ထိုလူချောက သူမကိုမြင်ကာ ကားမှန်ကို တင်လိုက်သည်။ မျက်လုံးကလေးဝိုင်းကာ အံ့သြနေရရင်းမှ သတိပြန်ဝင်ကာ...
"ဘယ်လိုလူတွေလဲမသိဘူး မီးနီနေတဲ့ ဒီ၁မိနစ်စာကလေးကို"
သူမ တစ်ယောက်ထဲရေရွတ်နေရင်းမှ ပြုံးရမိပြန်သည်။
သီရိမေဆိုတာက အသက်၂၃နှစ်အရွယ် Single အပျိုကြီးပေါက်စမို့...စုံတွဲတွေပလူးနေတာမြင်ရင် သူမက အလိုလိုမျက်စိပျက် မျက်နှပူဖြစ်ရတာမျိုး...။

လမ်းခွဲကြပြီးနောက်Where stories live. Discover now