"ဟို အဲ့တာက..."

"နောင်နောင်ကချစ်လို့ခိုးလာတာပဲ နောင်နောင်ကိုသေချာပြောကြည့်ပေါ့..."

မဖြူသေချာမသိလို့ပါ ဆိုတာကိုတော့ စိတ်ထဲကနေသာပြောလိုက်သည်။

"ဟုတ်ကဲ့.."

"အဲ့လိုအီးညှောင့်အီးညှောင့်လုပ်မနေနဲ့ သူများနောက်ပါသွားမှဟုတ်ပေ့ဖြစ်နေမယ်..."

သူပုံစံကိုအားမလိုရအားမရဖြစ်ကာ မဖြူကပြောလာသည်။

"အစ်မအခုပြောမယ့်စကားကိုမပြောသင့်ပေမယ့် မောင်လေးကိုစေတနာနဲ့ပြောပြတာပါ..
နောင်နောင်နဲ့နီလာတို့နေပုံကိုအစ်မမကြိုက်ဘူး..
နောင်နောင့်ကိုနီလာတို့အိမ်ဘက်မှာအမြဲတွေ့တယ်...
တခါတလေနီလာနဲ့တောင်အတူတွေ့တာ...
သူတို့နေပုံထိုင်ပုံကိုအစ်မမကြိုက်ဘူး တအားရင်းနှီးလွန်းတယ်...
နောင်နောင့်အမေရှိတုန်းကဆို နီလာကိုသမီးသမီးနဲ့ပါးစပ်ဖျားကကိုမချဘူး...
အစ်မတို့ကလက်ထပ်ကြတော့မယ်တောင်ထင်ခဲ့တာ...
နောင်နောင်ကရှင်းသန့်ကိုခိုးလာခဲ့တယ်ဆိုတဲ့သတင်းကြားတော့ အစ်မတို့ဖြင့်ယုံတောင်မယုံခဲ့ဘူး...
အစ်မတို့ကနီလာနဲ့ပဲထင်ခဲ့တာဆိုတော့လေလ..." ဆိုတဲ့မဖြူပြောသွားစကားတွေကြောင့်စားနေတဲ့မုန့်ပင်အရသာမရှိတော့သလိုခံစားနေရသည်။

မဖြူပြောသွားသည့်စကားများက ရှင်းသန့်နားထဲတဝဲလည်ကာ ထိုစကားတွေပဲကြားယောင်နေသည်။ တကယ်ပဲနောင်က နီလာတို့အိမ်သွားသွားနေတာလား..
ဒါဆို သူ့ကိုခိုးလာတယ်ဆိုတာကိုရော ဘာလို့သတင်းလွှင့်ထားရတာလဲ?...

အတွေးပေါင်းစုံနဲ့ တနေကုန်အလုပ်သာလုပ်နေရတာ စိတ်တော့မပါ။ အခုချိန်မှာ နောင်ဘာများလုပ်နေမလဲ?...

"🎶မသေချာ မရေရာတာတွေများတဲ့ကောင်းပင်အောက်..
အချိန်တန်အိမ်ပြန်ချိန်တွေနှုတ်ဆက်လမ်းခွဲတိုင်း...
ကျန်ခဲ့တဲ့ငါ့စိတ်တို့ ချစ်သူမင်းအနားကတဖဝါးမခွာကြဘူး..

ကမ္ဘာမြေပြိုသလို နာကျင်ကွဲရှဖူးသူမို့...
ကြယ်တွေကြွေတာမြင်တောင် ကြိတ်ကာဝမ်းနည်းမဆုံး...
တကယ်မင်းနဲ့မဝေးရဲလို့ ညစဉ် စိတ္တဇနဲ့အတွေးပင်လယ်မျှော်...

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now