"ဘဂျမ်း...ဘဂျမ်း"

မှေးကနဲ အိပ်ပျော်သွားစဥ် ခေါ်သံ​ကြောင့် ဘဂျမ်းနိုးလာသည်။ကယ်ရီဂိတ်က... တစ်ယောက်

"အင်း....ဘာလဲမသိဘူး...ကျွန်တော့အလှည့်ရောက်ပြီလား"

"မင်းအလှည့်မရောက်သေးပါဘူး..မင်းကို... ကိုဝင်းလှိုင်ခေါ်ခိုင်းလိုက်လို့"

"ဟမ်"

ဘဂျမ်း အိပ်ပြီးပြန်ထလာတဲ့အချိန်မှာ လူက သိပ်နေမကောင်းတော့သလိုဖြစ်သွားသည်။လူက မလန်းရတဲ့ကြားထဲ ဘာကိစ္စပါလိမ့်။ အဲ့လူစုနဲ့ လုံးဝမပတ်သက်ချင်လို့ တတ်နိုင်သလောက်ရှောင်သည်။ ဒါကို ခုတော့ ခေါ်ပါခေါ်ခိုင်းနေသည်ဆိုတော့ရှောင်ရင် ပိုပြီး ပြသနာရှာခံရတော့မည်။ဘဂျမ်း ထ လိုက်လာခဲ့တော့သည်။

ကိုဝင်းလှိုင်က ဒီနေရာ တဝိုက်မှာ ကြီးစိုးသည့်လူမိုက်
တပည့်တပန်းတွေခြံရံကာ ညနေတိုင်းလိုလို ရောက်လာတတ်သည်။ ဒီနားတဝိုက်ဖွင့်ထားသော ဆိုင်သေးသေးလေးတွေဆီမှ ပိုက်ဆံကောက်သည်။ တစ်ချို့သောဆိုင်လေးတွေက ပြောရရင် ရိုးရိုးသားသားလုပ်နေကြတာမဟုတ်တော့ လူမိုက်ကို ဆတ်ကြေးလိုမျိုးပေးပြီး မသိနားမလည်တဲ့ စက်ရုံအလုပ်သမားလေးတွေဆီက ငွေကို မတရားယူကြသည်။ လောင်းကစားကို ပေါ်တင်လုပ်နေကြသည်။ ဖမ်းမည့်သူမရှိ ထိန်းကွပ်မည့်သူမရှိကြ။ လူမိုက်နဲ့ပေါင်းကာ လူတွင်ကျယ်လုပ်စားကြသည်။ မလိမ့်တစ်ပတ်လုပ်စားကြသည်။

ဘဂျမ်းက လူမိုက်တွေကို မဆက်ဆံချင်တာကြောင့် တမင် ကိုယ့်အလုပ်ကိုယ်လုပ်ကာ အေးအေးနေတာ။
သိရိမင်္ဂလာစျေးမှာအလုပ် လုပ်စဥ်ကလဲ မနူးမနပ် ဘဂျမ်းကို လူမိုက်တွေအသုံးချလို့ပဲ မအူမလည်နှင့် ဘဂျမ်း ထောင်ကျခဲ့ရသည်။

ခုလဲ လာပြန်ပြီ။

"လာဟေ့...ဘဂျမ်း"

ကိုဝင်းလှိုင်က တက်တူးထိုးသည့်ဆိုင်လေးထဲမှ တစ်ခုတည်းသောခုံတွင် ကျကျနနထိုင်ကာ လှမ်းခေါ်သည်။

"ကျွန်တော့်ကို ခေါ်တယ်ဆို"

"အေး....ငါ့ညီကို ပြောစရာရှိလို့"

သောက်လက်စဆေးလိပ်ကို ဟန်ပါပါလွှတ်ပစ်လိုက်ရင်း ဓာတ်ရှင်မင်းသားစတိုင်နှင့်ပြောသည်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now