အာကာလဲ နယ်ကလာကျောင်းတက်တာဆိုပေမဲ့ ရန်ကုန်မှာ သူ့အဒေါ်မိသားစုရှိသည်။ ကျောင်းတက်တော့လဲ အဲ့အဒေါ်အိမ်ကပဲတက်တာ။ လင်းသန့်ကြည်တစ်ယောက်သာ ကျောင်းနဲ့အနီးဆုံးမှာအဆောင်နေခဲ့ရတာ။

နေ့တိုင်း လင်းသန့်ကြည်မှာလူရုပ်မပေါက်ဘူး...ကျောင်းလာရင်ပေါ့။ တစ်ရက်မဟုတ် နှစ်ရက်မဟုတ် ဆေးကျောင်းသား ...စာကများ...အတူနေသူ မတစ်ထောင်သားတွေက စည်းကမ်းကမရှိ။ ဆေးကျောင်းသားတွေချည်းနေတဲ့အဆောင်မဟုတ်တော့...တစ်ဦးကိုတစ်ဦးနားလည်ပေးဖို့မလွယ်ကြ။ လူကြောက်တတ်သလိုလိုဖြစ်နေတဲ့ စာဂျပိုးလေး လင်းသန့်ကြည်မှာ စာတွေလုပ်ရတာတစ်မျိုး အိပ်ရပြီလားဆို အနှောင့်အယှက်များလွန်းတာမို့ ကျောင်းရောက်ရင် စာသင်ချိန်နားတာနဲ့ ....မစားသေးဘူး လုအိပ်ရတယ်။

ရက်ပေါင်းများစွာကြာတော့ ဝတ်ရည်ကသည်းမခံနိုင်တော့ဘဲ အဆောင်ကို လိုက်လာပြီး လေ့လာသုံးသပ်တယ်ပေါ့။ သဘောပေါက်သွားတာနဲ့ သူ့အိမ်ခေါ်ချသွားတော့တာ။ လင်းသန့်ကြည့် ဝတ်ရည်တို့အိမ်ရောက်ရတဲ့အကြောင်းအရင်းပေါ့။

မိသားစုအားလုံးနွေးထွေးပြီး ကြင်နာတတ်ကြတယ်။
လင်းသန့်ကြည်ကိုလဲ လှိုက်လှိုက်လှဲလှဲနွေးနွေးထွေးထွေးကြိုဆိုကြတယ်။ နယ်မှာကျန်ခဲ့တဲ့ အမေနဲ့အဖွားဆို ကျေးဇူးတင်လွန်းလို့ လင်းသန့်ကြည်ကျောင်းပိတ်လို့ပြန်ရင် စားစရာ သောက်စရာတွေ ရန်ကုန်ကိုပြန်ထည့်ပေးလိုက်တာမနည်းမနော။

ဝတ်ရည်အဖေက မြို့နယ်ဆရာဝန်ကြီး..အမေကတော့ အိမ်ရှင်မပါပဲ။ အဒေါ်အပျိုကြီးတစ်ယောက်ရှိသည်။ ကျောင်းဆရာမ။ ဝတ်ရည်ကတစ်ဦးတည်းသောသမီး....မသိရင် သားလို့ထင်ချင်စရာ။ နူးညံ့သိမ်မွေ့တဲ့အမေက မွေးထားပေမဲ့ သူက မုဆိုးတစ်ပိုင်းမိန်းမရိုင်းကြီး😁😁😁 ရိုင်းစိုင်းတယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ အကြောက်အလန့်မရှိ....သိပ်မာကြောတာ။ဝတ်ရည်တို့အားငယ်နေတာမျိုး အားပြတ်နေတာမျိုး ဘယ်သောအခါမှ မရှိစဖူး။ အမြဲ full charge ဖြစ်နေတတ်သူ။
လင်းသန့်ကြည်ကတော့ ဝတ်ရည်နဲ့ဆန့်ကျင်ဘက်...
နူးညံ့မှုအပေါင်းသရဖူဆောင်းသူပေါ့။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now