Chapter-1 Matilda Yap/Lady Presco

Start from the beginning
                                    

တိုင်းပြည်မိခင်ဖြစ်ချင်သည့် ငါ့ရည်မှန်းချက်အိမ်မက်ကို လက်လျော့အရှုံးပေးတော့မည့်ဆဲဆဲတွင် ငါ့ဖခင်က Kihoဆိုသည့် အမျိုးသားကို ငါ့သတို့သားလောင်းအဖြစ် ရွေးချယ်ခဲ့သည်။ သူက မျိုးရိုးမြင့်လူတစ်ဦးမဟုတ်တဲ့အပြင် သူ့မှာ မျိုးရိုးနာမည်ပင် မရှိချေ။ အဆိုးဆုံးကတော့ သူက အင်ပါယာမှာ လူတိုင်းအားလုံး ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ကြသည့် မြွေနက်သူရဲကောင်းအဖွဲ့၏ ခေါင်းဆောင်ဖြစ်နေသည်။

Kihoဟာ အင်ပါယာဘုရင်မင်းမြတ်ရဲ့  အရိပ်သားရဲဟု ခေါ်ဆိုနိုင်သည်။ မြွေနက်သူရဲကောင်းအဖွဲ့အကြောင်းပြောကြသည့် ကောလဟာလများအရ သူတို့ကို အကြင်နာတရားကင်းမဲ့သောခေါင်းဆောင်က ဦးဆောင်နေခဲ့ပြီး အင်ပါယာဘုရင်မင်းမြတ်ရဲ့လက်ကို သွေးစွန်းစေမည့်ကိစ္စရပ်များကို အင်ပါယာအစား ဖြေရှင်းပေးကြသည်။ ရေတွက်မနိုင်သောသတ်ဖြတ်ခြင်းများ အပါအဝင်ပေါ့။

Kihoမှာ နာမည်ဆိုးကျော်ကြားခြင်းတွေ ရှိနေခဲ့သော်လည်း ငါက ဖခင်ဖြစ်သူ၏ဆန္ဒအတိုင်း ခေါင်းဆောင်နှင့် လက်ထပ်ထိမ်းမြားခဲ့သည်။

အင်ပါယာဘုရင်မင်းမြတ်၏အရေးပေးမှုကို ရရှိချင်သောကြောင့် ဖြစ်သည်။ အင်ပါယာဘုရင်မင်းမြတ်၏ အယုံကြည်ရဆုံး ပုပ်ရဟန်းမင်းကြီးက Kihoရဲ့ကလေးဟာ အင်ပါယာအတွက် ထူးခြားသော ဖြစ်တည်မှုတစ်ရပ်ဖြစ်လာမည်ဟု ဆိုခဲ့သည်။ သို့သော် ပြဿနာက မြွေနက်၏ကလေးဟာ သာမာန်အမျိုးသမီးတစ်ဦး၏ဝမ်းကြာတိုက်မှာ ကိုယ်ဝန်ဆောင်ဖို့ ခက်ခဲနိုင်ပေသည်။ ကံအားလျော်စွာဖြင့် ဆံပင်အနက်ရောင်ရှိသောအမျိုးသမီးတစ်ဦးကသာလျှင် Kiho၏သားကို မွေးဖွားပေးနိုင်လိမ့်မည်ဟု ပုပ်ရဟန်းမင်းကြီးက ဆိုခဲ့သည်။

အင်ပါယာမှာရှိသော မျိုးရိုးမြင့်အမျိုးသမီးများကြားတွင် ငါတစ်ဦးတည်းကသာ ဆံပင်အနက်ရောင်ကို ပိုင်ဆိုင်ထားခဲ့သည်။ ဒါ့ကြောင့်လည်း ငါ့ဖခင်က တော်ဝင်မိသားစု၏မျက်နှာသာပေးမှုကို ရရှိရန် ခေါင်းဆောင်နှင့်လက်ထပ်ထိမ်းမြားဖို့ စီစဥ်ခဲ့ခြင်း ဖြစ်သည်။

အင်ပါယာဘုရင်မင်းမြတ်၏မျက်နှာသာပေးမှုရရှိလိုသည့် ရည်ရွယ်ချက်ဖြင့် ငါ Kihoနဲ့ လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်သည်။

ဆိုးသွမ်းသောမိခင် (မြန်မာဘာသာပြန်)Where stories live. Discover now