အပိုင်း(၂)

Start from the beginning
                                    

Bao Zi ကတော့ စားပွဲဝိုင်းတွေဘက်ကို ထွက်သွားလေတော့သည်။

ပိုက်ဆံရှိအသိုင်းဝိုင်းဆိုတာ ဒါမျိုးငွေဖြုန်းကြတာကိုး။ သူတို့လက်ထဲက ဝိုင်ခွက်ကပဲ ဒေါ်လာ(၅၀)တန်သည်မို့ တစ်ခွက်လေးတောင် ကျကွဲလို့မဖြစ်။ Di Kun အလွန့်အလွန်ကို သတိထားရမည့် အဓိကအချက်ဖြစ်သည်။ အသေးဆုံး အသုံးဆောင်လေးတောင်မှ Di Kun လုပ်အားခထက် (၁)ဆနီးပါး များပြားနေသေးသည်။

ဟင်း........!

"ကောင်လေး၊ သက်ပြင်းသံကြီးက တယ်ကျယ်တာကိုး"

"ဟဲ ဟဲ"

"စိတ်လှုပ်ရှားနေတာလား"

သဘောကောင်းပုံရတဲ့ ဂျာကြီးက တယောသံညံနေသည့် ပတ်ဝန်းကျင်ကိုကျော်ကာ သူ့နားကို ကပ်မေးနေသည်မို့ Di Kunလည်း အသံကိုခပ်အုပ်အုပ်ဖွင့်ချကာ ဂျာကြီးနားနားကို ခြေဖျားထောင့်ရင်း ပြန်ပြောရသည်။

"ဟုတ်တယ်၊ စိတ်လှုပ်ရှားတာထက် အမှားမလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးနေတာ"

"ရပါတယ်ကွာ၊ သတိလေးကပ်ပေါ့၊ မွေးနေ့ရှင် အဘိုးက သူ့မိသားစုနဲ့ပဲ ကျင်းပနေကြ၊ ဒါဆို ငါရောက်ဖူးတာ(၂)ခါရှိပြီ၊ သဘောကောင်းတယ်၊ ပွဲပြီးရင် စာအိတ်နီတွေ ပေးသေးတယ်၊ အားတင်းထား "

"ဟုတ်"

"အပြင်လူ မပါဘူးလို့ ကြားတယ်၊ ဒီအိမ်ကသားက နာမည်ကြီးသရုပ်ဆောင် Wang Ruo Linလေ၊ ခုထိတော့ မတွေ့သေးဘူး ကောင်လေးရေ၊ မနှစ်ကလည်း ခဏပဲလာပြီး ပြန်သွားတာ "

နာမည်ကြီး သရုပ်ဆောင်။ အဲ့လိုလူတွေကို ပိုသတိထားရမယ်။ သူတို့က မျက်နှာနှစ်မျိုးနဲ့မလား။

"ဟော ကောင်လေးရေ ပွဲစီစဉ်တဲ့အမခေါ်နေတယ် အစားသောက်ပြင်တဲ့ဘက် ဝိုင်ပို့မယ့်သူလိုနေတယ်တဲ့"

"ကျွန်တော်သွားလိုက်မယ် ဂျာကြီး"

လှစ်ခနဲ ထွက်သွားသည့် အချိန်ပိုင်းကောင်လေးကို မန်နေဂျာကြီးမှာ သဘောတကျကြည့်နေရင်း ကျန်ခဲ့လေသည်။

_____________________________________

"ဘိုးဘိုးကြီး အသက်ရာကျော် ရှည်ပါစေ"

ရည်ရွယ်၍.........! (ရည်ရွယ်၍ .........!) (Completed)On viuen les histories. Descobreix ara