' ခင်ဗျား! '

' ကျွန်မကပဲ ကြားထဲကတောင်းပန်ပါတယ် '

' အ​မေ! သား မမှားဖူး​နော် ရပ်ကွက်လမ်း ကျဉ်းကျဉ်းလေးထဲကို စွတ်​မောင်းလာတဲ့ သူကသာမှားတာ '

' တော်​တော့ သား က​လေး​တွေလည်း ခြံထဲပြန်ဝင်ကြ​တော့ လိမ္မာတယ် သွားကြ​နော် '

' ဒီလိုမှ​ပေါ့ အချင်းချင်း ပြေ​​ပြေလည်လည်လုပ်မှ​ပေါ့ '

'... '

' ဒါနဲ့ မင်းရုပ်ရည်​​လေးက မဆိုးဖူးပဲ အဟက် မင်းမျက်နှာ​လေး​ကြောင့် လျော်​ကြေး​လေး​​နည်းနည်း​လောက်​တော့ စွန့်ကြဲခဲ့လိုက်မယ် '

သူ့ရဲ့ အ​ရှေ့မှာ ၁ သောင်းတန် ၂ ရွက်ကိုပစ်ချသွားတဲ့ ကားနံပါတ်ကို ငါ​​သေချာကြည့်​နေမိတယ်.. ငါမြင်​နေကြ အပြုံးလှလှ​လေး​တွေကို ပျောက်ကွယ်သွား​အောင် အဲ့သူ​တောင်းစားက လုပ်ခဲ့တာပဲ. . .

*အဟက် ငါနဲ့​တွေ့ပြီ*😈

🍂🍂🍂🍂

' ငါသိတယ် ဒါ​ပေမယ့် မင်းမိဘ​တွေထက် ငါ့ Company ကလူကြီး​တွေကို ညစာ လိုက်​​ကျွေးဖို့က ပိုအ​​ရေးကြီးတယ်ကွ '

' မင်းငါ့မိန်းမဖြစ်​နေပြီး ဒီ​​လောက်​တော့နားလည်​ပေးရမှာ​ပေါ့ တော်ပြီကွာ မင်းနဲ့စကားဆက်မ​ပြောချင်​တော့ဖူး ဒါပဲ '

Car Parking ကိုဆင်းလာတဲ့ဓါတ်​လှေကားနားက​နေ သူ့ကားရှိရာကို​လျှောက်လာရင်း ဖုန်းကို​အော်ကြီးဟစ်ကျယ်​​ပြော​နေတဲ့ သူ​တောင်းစား!
ဒီ​ကောင့်ရဲ့ ကားကိုရှာဖို့ ငါ ၅ နာရီ​လောက်​တော့ အချိန်​ပေးလိုက်ရတယ်..
ငါက သိပ်ပြီး​တွေ့ချင်​နေတာဆို​တော့လည်း အချိန်ဒီ​လောက်​ပေးလိုက်ရတာ
တန်ပါတယ်....
×× Company တစ်ခုရဲ့ Car Parking ထဲကိုဝင်ရှာ​တော့မှ သူ့ကားကိုရှာ​တွေ့ခဲ့တာ.. ငါလိုလူအတွက်က သူများကားကို Lock ဖြုတ်ပြီး ဝင်ထိုင်​နေဖို့ဆိုတာ
ခက်ခဲတဲ့ ကိစ္စ​တော့ မဟုတ်ပါဖူး..

' မင်း..မင်းဘယ်သူလဲ '

' .   .  .  '

ငါ့ကို ဘယ်သူမှန်း​တောင်မသိပဲနဲ့ တွေ့တာနဲ့ ကြောက်လန့်သွားလိုက်တာ ရုပ်က တော်​တော်အိုစာတာပဲ..!

🔥P.S.Y.C.H.O🔥Where stories live. Discover now