' ညီမ​လေး! '

သူ့​အော်သံကြားလိုက်​တော့မှ ငါ့မျက်လုံး​တွေ အလိုလိုပြန်ပွင့်လာခဲ့တာ..ခြံထဲက​နေ အသည်းအသန်ပြေးထွက်လာတဲ့ သူ့ပုံစံကို​တွေ့ရ​တော့ ငါ့ရင်ထဲမှာတမျိုးပဲ...
ဝမ်းနည်းမိတာလား ! စိတ်ပူတာလား ! အားနာနေမိတာလား ! ငါကိုယ်တိုင်လည်း နားမလည်​တော့ဖူး..
ဟို က​လေးမက​တော့ ကြောင်​တောင်​တောင်​လေးနဲ့ ဘောလုံး​လေးပိုက်ကာ ကားကို​ငေးကြည့်​နေတာ..အရမ်းလန့်သွားတဲ့ပုံပဲ!

'  ညီမ​လေး ကိုကို့ ကိုကြည့် ဘာဖြစ်သွား​သေးလဲ ..ဘယ်နားနာသွားတာလဲ ဟင် '

' ဟို..ကားကြီး.က ဟို.. '

အမြဲတမ်းကြည်လင်​တောက်ပ​နေကြ သူ့မျက်လုံးလေး​တွေက စိုးရိမ်စိတ်​တွေအပြည့်နဲ့.. မျက်ဝန်းလှလှ​လေး​တွေမှာ မျက်ရည်စ​လေး​တွေပါ တွဲခိုလို့​နေတာ..
တကယ်လို့ ငါဒဏ်ရာ​တွေရခဲ့ရင်​ရော သူ့ရဲ့ အဲ့လိုအကြည့်​တွေ ငါ့အတွက်ဖြစ်မှာလား ?

' ဟာ ဟေ့​ကောင်! မင်းကဘာ​ကောင်လဲ! မွေးထားရင်လည်း ကိုယ့်က​လေးကို သေချာထိန်းထားပါလားကွ  တိုက်မိသွားရင် အလကား $လုပ်ကရှုပ်ဦးမယ် '

' ခင်ဗျား စကား​ပြောတာမိုက်ရိုင်းလှချည်လား ကားကို မဆင်မခြင်​မောင်းတာက ခင်ဗျား​လေ '

' ငါလည်း ငါ့ကိစ္စနဲ့ငါ အလျင်လို​နေတာပဲလေ ဒီလို လမ်း​ပေါ်ကို အားယားပြီးတက်​ဆော့​နေတဲ့ က​လေး​တွေကို လိုက်​ရှောင်​နေရ​လောက်​အောင် အားမ​နေဖူး'

' တောက်! မင်း! '

ငါအမြဲတမ်း ငေးကြည့်​နေရတဲ့ အပြုံး​လေး​တွေ သူ့မျက်နှာ​ပေါ်မှာမရှိ​တော့ဖူး..
စိတ်တိုလွန်းလို့ထင်တယ် မျက်နှာနုနု​လေးက နီရဲပြီး လက်နှစ်ဖက်ကိုတင်းတင်းဆုပ်ထားတာ.... ဒေါသထွက်​နေလည်း * လှတယ် *

' သား ဘာ​တွေဖြစ်​နေတာလဲ '

သူ အ​မေလို့​ခေါ်နေကြ အမျိုးသမီးက ခြံထဲက​ပြေးထွက်လာ​တော့ သူ့လက်​လေး​တွေကိုပြန်​ဖြည်လိုက်တယ်..စိတ်​လျှော့လိုက်တာလား ? ဘာလို့လဲ ?

' ဘာမှမဖြစ်ပါဖူး အ​မေရယ် အထဲဝင်​တော့​နော် '

' ဘာလို့မဖြစ်ရမှာလဲ ဒီမှာ မင်းတို့က မိဘမဲ့​ကျောင်းက ဟာ​တွေမဟုတ်လား
အဲ့တာ​ကြောင့် ဆုံးမမယ့်သူမရှိလို့ အခုလို​ပရမ်းပတာ​တွေဖြစ်​နေတာ '

🔥P.S.Y.C.H.O🔥Wo Geschichten leben. Entdecke jetzt