"ဘာလို့..အဲ့လိုထင်ရတာလဲ"
"..."
"ဘာလို့..မောင်ကမင်းကိုလက်စားချေချင်နေတယ်လို့ထင်ရတာလဲဟင်.."
"မဟုတ်လို့လား..အဲ့တာကြောင့်မိုလို့သာ..ငါ့ဆိုင်ကိုဝယ်ပြီး..ငါ့ကိုအလုပ်လက်မဲ့ဖြစ်အောင်လုပ်နေတာမလား.."
"ဟက်..တကယ့်ကိုကလေးအတွေးပဲ"
"ဘာ..."
တိုးတိုးလေးပြောလိုက်တာဆိုပေမဲ့သူသေချာကြားလိုက်ရသောကြောင့်စိတ်တိုသွားရ၏။
အကြီးကိုအကြီးမှန်းမသိ...ပြောပုံကိုက။
"ဒေါသမထွက်ပါနဲ့...ဟက်..တခြားဘာရည်ရွယ်ချက်မှမရှိပါဘူး...မင်းကိုကိုယ့်လူတွေပြောတဲ့အတိုင်း..လုပ်ငန်းတိုးချဲ့ဖို့အတွက်ပါ"
"ဘာလို့ငါ့ဆိုင်မှလဲ.."
"ထားလိုက်ပါတော့...ဆိုင်ရှင်ကခါးခါးသီးသီးဖြစ်နေမှတော့ကိုယ်လက်လျှော့လိုက်ပါတော့မယ်..ပြီးတော့...ကိုယ့်ကိုပြောစရာတစ်ခုခုမရှိဘူးလားဟင်"
"ဘာ..ဘာပြောရမှာလဲ ဘာမှမရှိဘူး"
"လွန်ခဲ့တဲ့ငါးနှစ်လုံးလုံး...ကိုယ်မင်းကိုလွမ်းနေခဲ့တာ.."
"ငါကတော့မင်းကိုမလွမ်းဘူး.."
သူ့စကားကိုမောင်က"ဟုတ်လား"ဆိုပြီးပြန်ပြောသည်။သို့သော်..မောင့်မျက်နှာတွင်တော့'ကိုယ်တော့အဲ့လိုမထင်ပါဘူး'ဆိုတဲ့အရိပ်တွေပေါ်နေသည်။
"စိတ်မကောင်းစရာပဲ...ကိုယ်တစ်ယောက်တည်းလွမ်းနေရတာပေါ့နော်..."
". . ."
"ကိုယ်အခု..အောင်မြင်နေပြီ"
"အင်း..သိတယ် ငါ..ယွီအာအကြောင်းတွေကြားပါတယ် ဝမ်းလည်းသာပါတယ်"
"ဘာလို့ဝမ်းသာတာလဲ.."
"ဟင်! ဘာလို့လဲဆိုတော့..ဒီအတိုင်း..ယွီအာအစားဂုဏ်ယူမိလို့ပါ ယွီအာကအရမ်းတော်တာပဲနော်.."
"ကိုယ့်အစားဂုဏ်ယူစရာမလိုပါဘူး ကိုယ့်ကိုယ်ကိုအတွက်ဂုဏ်ယူလို့ရပါတယ်"
"ဟမ်!..နားမလည်ဘူး.. ယွီအာဘာကိုဆိုလိုတာလဲ.."
"ကိုယ်အခုလိုအောင်မြင်လာတာ..အဓိကအကြောင်းအရင်းက..မင်းပဲလေ မင်းကြောင့်သာကိုယ်ခုလိုဖြစ်လာတာ"