C 4: အန်းရီရှင်းရဲ့ ခံစားချက်

675 61 1
                                    

အန်းရီရှင်း ရေချိုးခန်းထဲကထွက်လာပြီး ကုတင်ပေါ်သို့ ကြည့်လိုက်တဲ့အခါ အဆင့်သင့်ထုတ်ထားတဲ့ ဝတ်စုံကို မတွေ့တာကြောင့် သူ့မျက်ခုံးတွေ တွန့်ချိုးသွားသည်။ ဟို ကလေးစုတ် ဘာတွေလုပ်နေလို့ လုပ်နေကျအလုပ်ကို မေ့ထားရဲရတာလဲ ။

အော်..မေ့သွားတာက သူပဲ ဝမ်လီရှောင်းမှ အိမ်မှာမရှိတော့တာ။နှစ်နှစ်တာတွဲခဲ့တဲ့ ဝမ်လီရှောင်း မရှိတော့လို့ဝမ်းနည်းလားဆိုတော့လည်း သူ ဝမ်းမနည်းပါဘူး။ သူမှ ဝမ်လီရှောင်းကို မချစ်တာ။

တွဲခဲ့တယ်ဆိုတာကလည်း သူ့အချစ်ဦး ချန်းချန်ယူ ငယ်ငယ်တုန်းကနဲ့ တူလို့ပဲ။ သူ ချန်းချန်ယူကို တက္ကသိုလ်တက်ကတည်းက ကြိုက်ခဲ့တာ။ ချန်းချန်ယူက သူ့ကို ပြန်မကြိုက်ဘူး ။ ချန်းချန်ယူက သူ့အဖေကိုကြောက်ရတာမို့ ယောကျ်ားတွေကို မကြိုက်နိုင်ဘူးလို့ ပြောခဲ့တယ်။ ကျောင်းပြီးတော့လည်း နိုင်ငံခြား တန်းထွက်သွားတော့တာပဲ။

တစ်နေ့မှာ တက္ကသိုလ်ကျောင်းသား ဝမ်လီရှောင်းနဲ့မတော်တဆ တွေ့ခဲ့တယ်။ အဲ့ဒီမှာ ဝမ်လီရှောင်းက သူ့နောက်တကောက်ကောက်လိုက်တော့တာပဲ။ အနေနီးမှ သတိထားမိတာက ဝမ်လီရှောင်းရဲ့ မျက်နှာပေါက်နဲ့ အမူအရာလေးတွေက သူ့ကို ချန်းချန်ယူအား သတိရစေနိုင်သည်။အဲ့လိုကနေ သူ ဝမ်လီရှောင်းနဲ့ တွဲလိုက်ရုံပါပဲ။ ဝမ်လီရှောင်းနဲ့ တွဲတာ တစ်နှစ်လောက်မှာ ချန်းချန်ယူက ရုတ်တရတ်ကြီး သူ့(အန်းရီရှင်း)ကို လာရှာတာဖြစ်သည်။

အစကတော့ အီစီကလီအဆင့်ပေါ့။ တကယ်တွဲဖြစ်သွားတဲ့အခါ သူ ဝမ်လီရှောင်းအား ခွာချသော်လည်း ဝမ်လီရှောင်းက သူ့အား ဖားပြုတ်တစ်ကောင်လို အတင်း လိုက်ကပ်တွယ်နေတော့တာဖြစ်သည်။ ဝမ်လီရှောင်းအား သူ့ဘဝထဲမှ ဆွဲထုတ်ရန် သူ ခြောက်လနီးပါး အချိန်ယူခဲ့ရတာ ဖြစ်သည်။ စိတ်နာအောင် ဘယ်လိုပဲလုပ်လုပ် တကယ့်ကိုခေါင်းမာသော ဝမ်လီရှောင်းပင်ဖြစ်သည်။

အခုတော့ အနှောင့်အယှက်တွေလည်း ဝေးပြီ။ သူလည်း ချန်းချန်ယူနဲ့ လွတ်လွတ်လပ်လပ် ဒိတ်လုပ်နိုင်ပြီ ဖြစ်သည်။

>>>>>>>>>>
" တင်းတောင် တင်းတောင် "

" ဟန်နီ ကိုယ့်ဆီ လာတယ်! လာလာ အထဲဝင် "

ရည်းစားဟောင်းရဲ့ကိုယ်ဝန်ကို လွယ်ထားရပြီWhere stories live. Discover now