"ဟုတ်က​ဲ့ ကျေးဇူးတင်ပါတယ်"

ဆရာဝန်ထွက်သွားပြီးနောက်ကျနော်လည်းဆေးရုံမှဆင်းဖို့ပြင်တော့သည်။

မောင်မရှိတုန်းဒီကနေထွက်သွားမှဖြစ်မယ်။

မောင့်ကိုလွှတ်ပေးခဲ့ပြီးမှအရှက်မရှိဆက်
မပတ်သက်သင့်ဘူးမလား...

အခုမောင်ကကျနော်နဲ့အဝေးဆုံးမှာရှိနေပြီလေ။

ကောင်တာမှာဆေးထုတ်တော့...

"ဘယ်လောက်ကျလဲမသိဘူး"

"CEOချန်ကအကုန်ရှင်းပြီးသားပါ"

"ဗျာ.."

ဆေးရုံစရိတ်ထိပါအကုန်လုပ်ပေးခဲ့တာလား..

ကျနော်လည်းဆေးထုတ်ပြီးဆေးရုံမှဆင်းခဲ့လိုက်သည်။မနက်ပဲရှိသေးတာကြောင့်အိမ်မပြန်တော့ဘဲမားရှိတဲ့ဆေးရုံသို့သွားလိုက်သည်။

"မား.."

"ရှီးအာ လာလေ"

မားဆီရောက်သွားတော့မားကမနက်စာစားပြီးနေပြီဖြစ်ပြီးnurseမလေးကသိမ်းပေးနေတုန်းဖြစ်သည်။

"မား ဘယ်လိုလဲ နေကောင်းတယ်မလား"

"မားကိုသာနေကောင်းလားမေးနေတာ ကိုယ့်ကိုယ်ကိုလဲပြန်ကြည့်ပါအုံး လေတိုက်ရင်
တောင်လွင့်သွားတော့မယ်
ရှီးအာ...အဆင်ပြေရဲ့လား"

"ပြေပါတယ်မားရဲ့ အာ..မားမနက်စာစားပြီးပြီဆိုတော့နေပူစာသွားလှုံရအောင်လေ လေကောင်းလေသန့်လေးလဲရှူရင်းနဲ့ပေါ့"

"အင်းပါ"

မားကိုဝှီးချဲပေါ်ထိုင်ဖို့ကူပေးလိုက်ပြီးဝှီးချဲကိုဆေးရုံဝန်းထဲသို့တွန်းလာလိုက်သည်။

ဒါကမနက်တိုင်းမားဆီလာရင်လုပ်နေကျအလုပ်တစ်ခုဖြစ်သည်။

နေပူစာလှုံရင်းမားနဲ့စကားတွေထိုင်ပြောမယ်။မားပြောပြတာလေးတွေနားထောင်မယ်။
ကျနော့်ရဲ့အလုပ်ကအကြောင်းတွေကိုမားကိုပြောပြမယ်။

နေပူလာရင်အခန်းထဲပြန်သွားပြီးမားအတွက်အသီးခွဲပေးမယ်။special nurseတစ်ယောက်ငှားထားပေမဲ့ကျနော်လာတဲ့အချိန်တိုင်း
ကျနော်ကပဲမားရဲ့ဝေယျာဝစ္စအကုန်လုပ်ပေးဖြစ်သည်။

💛If We Meet Again...💛{Completed}Where stories live. Discover now