"ကျနော့်ကိုစိုးရိမ်တယ်"
"ဟုတ်ကဲ့ တော်တော်လေးကိုစိုးရိမ်နေတဲ့ပုံပါ အဲ့တုန်းကကျွန်မတို့ဆရာဝန်တွေလည်းတော်တော်လေးပျာယာခတ်သွားတယ် CEOကဒီဆေးရုံရဲ့ရှယ်ယာရှင်လဲဟုတ်တယ်လေ"
"ဟိုလေ CEOချန်ဆိုတာချန်လုပ်ငန်းစုရဲ့မြေး ချန်ဖေးယွီဟုတ်ပါတယ်နော်"
"ဟုတ်ပါတယ် CEOချန်ဆိုရင်မသိတဲ့သူမရှိဘူး CEOကအလုပ်လုပ်တာတိကျပြီးထက်မြက်တဲ့အပြင်ချောလည်းချောတယ်လေ ဟီး"
ဆရာမလေးပြောစကားများကိုနားထောင်ပြီးကျနော့်ကိုဆေးရုံလိုက်ပို့ခဲ့တာမောင်မှန်းသေချာသွားတော့သည်။
မောင်ကတော်တော်လေးကိုအောင်မြင်လာတာပဲ။ဘယ်လိုပြောရမလဲ ခုချိန်မှာမောင့်အတွက်ပီတိဆိုတဲ့ခံစားချက်မျိုးဖြစ်မိတယ်။
မောင်ကတကယ့်ကိုကျောက်ရိုင်းတုံးလေးပဲ..
ခုတော့အရောင်တလက်လက်တောက်ပနေတဲ့စိန်တုံးလေးပေါ့။ထို့နောက်ဆရာဝန်ရောက်လာပြီးကျနော့်ကိုစစ်ဆေးပေးလေသည်။
"ရောဂါကြီးကြီးမားမားတော့မရှိပါဘူး အားပြတ်ပြီးလဲသွားတာပါ ခုတလောအိပ်လို့မပျော်ဘူးလား"
"ဟုတ်ကဲ့ အရင်တုန်းကအိပ်မပျော်လို့ဆရာဝန်ဆီကခွင့်ပြုချက်နဲ့ဆေးစွဲသောက်ခဲ့ပြီးကောင်းသွားတာမို့ဆေးပြန်ဖြတ်ထားတာပါ ခုတလောမှပြန်ပြီးအိပ်မပျော်တော့တာ"
"အိပ်မပျော်တာကလည်းရောဂါတစ်ခုလိုပါပဲ အခုဆေးအသစ်ထပ်ပေးလိုက်ပါ့မယ် အဓိကကတော့စိတ်ပေါ့ စိတ်ကိုအရမ်းကြီးထိန်းချုပ်မထားပါနဲ့ အတတ်နိုင်ဆုံးပေါ့ပေါ့ပါးပါးလေးနေ stressတွေအရမ်းကြီးမထားနဲ့"
"ဟုတ်ကဲ့ပါ ဟိုလေ ကျနော်ဘယ်တော့လောက်ဆေးရုံကဆင်းလို့ရမလဲ"
"ခုနေ့ဆင်းချင်ရင်ဆင်းလို့ရပါပြီ ဒါပေမဲ့CEOချန်က.."
"ဟို ကျနော်ဒီနေ့ပဲဆေးရုံကနေဆင်းလိုက်ပါ့မယ် CEOချန်နဲ့ကနောက်မှသပ်သပ်စကားပြောလိုက်ပါ့မယ်"
"ဒါဆိုလည်းကောင်းပါပြီ ဆရာမ လူနာဆေးရုံကဆင်းဖို့ပြင်ဆင်ပေးလိုက်ပါ ခဏနေကောင်တာမှာဆေးထုတ်ပြီးရင်ဆင်းလို့ရပါပြီနော်"