Blind Date _the end ZG

256 17 0
                                    

JeongWoo ဒီနေ့နဲ့ဆို ဂျပန်မှာ နေလာတာ 3 လပြည့်ခဲ့ပြီ
ဖြစ်မလာမှန်းသိပေမယ့် Ruto ကိုသူမျှော်နေမိသည်
အိမ်ကိုည်းလုံးဝအဆက်အသွယ်မလုပ်ဖြစ်တော့
ဒီတစ်ကြိမ်Ruto နဲ့တွေ့ရင်တော့ သူRutoနှင့်သာအတူနေရန်ဆုံးဖြတ်ချက်ချပြီးသား
Ruto သူ့ကိုသစ္စာရှိရှိနှင့် စောင့်နေမည်ဟုသူယုံကြည်ထားသည်
ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့တစ်ခုထဲသောမျှော်လင့်ချက်ရောင်ခြည်လေးကိုတော့ စွဲမြဲစွာယုံကြည်ထားသည်

သူထွက်လာထဲက Ruto ကိုနောက်ဆုံးမြင်ခဲ့ရတာ
ကုတင်ပေါ်မှာအိပ်မောကျနေတုန်းမို့ ခေါ်မနှိုးချင်တာနဲ့ အိမ်ခနပြန်လာလိုက်တာ မထင်မှတ်ထားတဲ့ ပြောင်းလဲမှုတွေက သူ့ကိုအံအားသင့်စေသလို စိတ်ဓာတ်လည်းကျစေခဲ့ပါတယ်
ဒါပေမယ့် သူမျှော်လင့်နေသေးသည်

သူတစ်ပါးနိုင်ငံမှာပြောဆိုဆက်ဆံရတာအခက်အခဲဖြစ်ပေမယ့်
အဆင်ပြေသလိုကြည့်နေလာတာ အခုဆိုအတော်တောင်နေသားကျနေပြီ
Online food deli လုပ်ပြီး ဆိုင်ရှင်က ဆိုင်ခန်းမှာပဲနေခွင့်ပြုတာကြောင့် အဆိုးထဲကအကောင်းဟုဆိုရမလားပင်

"JeongWoo... ရေ..."

"လာပါပြီ "

စိတ်ထဲအတွေးနယ်ချဲ့နေတုန်း ဆိုင်ရှင်ခေါ်သံကြောင့်.
အတွေးတို့ကိုလက်စသတ်ကာ
ရောမရောက်တော့ ရောမလိုကျင့်ရတာပေါ့

.......................................................

"ဒီနေ့ ငါ့မြေးလေး ရောက်မှာနော်....အခန်းကိုသေချာလေးရှင်းထားပေးကြ"

"ခြံထဲမှာ မျက်စိရှုပ်စရာတွေအကုန်ဖယ်ပစ်လိုက်
သူ့အမေပြောတာ သူက ဒီမှာ စိတ်ဖြေလက်ပျောက်လာမယ်ပြောတာ မျက်စိရှုပ်စရာတွေရှိနေလို့မရဘူး"

" 10 နာရီလောက်သူရောက်လိမ့်မယ် ခြံဝမှာတံခါးဖွင့်မယ့်လူအသင့်ရှိနေပါစေနော် "

Ruto အဘွားလည်း သူ့ခြံထဲကအလုပ်သမားများကိုမှာစရာရှိတာမှာကြားပြီး
ဧည့်ခန်းထဲပန်ဝင်ထိုင်ကာအမောဖြေနေလိုက်သည်
သူ့မြေး Ruto လေး သူ့ဆီလာလည်မည်ဆိုတော့ မကောင်းဖြစ်နေတဲ့နေတောင် ဘယ်ရောက်မှန်းမသိ
ကိုယ်တိုင်ခြံထဲဆင်းကာ စိတ်ကျေနပ်အောင်ပြင်ဆင်ခိုင်းနေသည်

Blind Date {Completed}💙Waar verhalen tot leven komen. Ontdek het nu