ပြောရင်း ထပ်ငို မိတော့မှာမို့ မပြောတော့ပဲ
ကိုကိုရင်ဘတ်နဲ့ မျက်လုံးကို ဖိကပ်ထားလိုက်တော့တယ်။

"ဟင်း မင်းနဲ့တော့ ကိုကို မောပါတယ်ကွာ။
ဒီမောင်ရိုးသားလေးကို ချစ်တာမို့ မင်းလေး
စိတ်ချမ်းသာအောင် ကိုကို အကုန်လုပ်ပေးမယ်။
ကဲ ကိုကို့ရင်ခွင်ထဲနေသလိုနဲ့ နှာချေးတွေ သုပ်မနေနဲ့

"ကိုကိုနော် ဘယ်မှာ နှာချေးရှိလို့ အွန်း

စိတ်ပြန်ကြည်နေတဲ့ပုံမို့ ရိပေါ်လည်း လူလည်လုပ်ကာ အနမ်းလေးပေးလိုက်တယ်။မနက်ထဲက မုန်တိုင်းဝင်နေတာမို့ ဒီနေ့တစ်နေ့လုံး ဒီကောင်လေးရဲ့ပါးလေးတစ်ဖက်တောင် မနမ်းရသေးဘူး။

"ကိုကို!!!

"ဘာလဲကွာ

"ဖြည်းဖြည်းနမ်းလေကွာ ဟွန့်။ နှုတ်ခမ်းနာနေပီ

စကားကို အဖတ်မလုပ်ပဲ နှုတ်ခမ်းကိုတော့ မနမ်းတော့ပဲ လည်တိုင်တွေကို လာနမ်းနေတဲ့ ကိုကို။
တစ်ကိုယ်လုံးကို သူ့ဖက်လှည့်ထားပီး ဆွဲဖက်ထားတာ လက်တွေတောင်ထုတ်လို့မရဘူး။
လည်တိုင်ကိုနမ်းလိုက် နှုတ်ခမ်းကို ပြန်လာနမ်းလိုက်နဲ့ အင်း လက် လက် ကိုကို့ လက်တွေက အခု ဆီးခုံနားရောက်နေတာ ကိုကိုသတိမထားမိတာလား။

"အင့် ကိုကို

လူပေါ်ကို အုပ်မိုးလာပီး ပိုပီး အနမ်းတွေက ဆိုးလာလေတော့ လက်တွေကို ရှိတဲ့အားနဲ့ရအောင်ရုံးပီး မျက်နှာကို အုပ်ထားလိုက်တယ်။

ရိပေါ် ရှောင်ကျန့်ရဲ့ ပုံစံလေးကို ကြည့်ပီး
ရယ်ချတော့တယ်။

"ဟားဟား အဲ့ဒါဘာလုပ်တာလဲ ပြောပါဦး

"က်ုကိုက အရမ်း‌နမ်းနေတာကို

"နမ်းရုံလေးကိုကွာ ‌

"မသိဘူး ကိုကို့အခန်းပြန်အိပ် ကျန့်ကျန့်လဲ အိပ်တော့မယ်။

"မရဘူး ဒီနေ့ ကျန့်ကျန့် နဲ့ အိပ်မှာ

"ကိုကို!!!! ငိုမှာနော် ။ကတိမတည်တဲ့သူဆို
မုန်း

"ဟေ့ မုန်းတယ်ပြောကြည့် အဲ့နှုတ်ခမ်းကို ဆွဲကိုက်ပစ်မှာနော်။အိပ်တော့ ကိုကို့အဆိုးလေး။

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now