"ငိုပြန်ပီကွာ မကြိုက်ပါဘူး ဘာလို့ ခဏခဏ
ငိုနေရတာလဲ ဟမ် ကျန့်ကျန့်

"မသိဘူး မျက်ရည်ပဲ သူ့ဘာသာထွက်တာ
ကျန့်ကျန့်နဲ့ဘာဆိုင်လို့လဲ အဟင့်။
ဝမ်းနည်းနေတာကို သူက ကျမှာပေါ့။
မျက်ရည်က သဘာဝက ဖြစ်တဲ့အရည်လေ
ကျန့်ကျန့် တားလို့မှမရကို အီးဟီး

"စကားကို ကပ်သပ်ပီး မပြောနဲ့ ကျန့်ကျန့်။
ကိုကို စိတ်တိုလာပီနော်။အဲ့မိန်းမ လာရင် ပီးရောမလား ။လာစေရမယ် တိတ်တော့။
ထပ်ငိုရင် ကိုကို ရိုက်တော့မှာနော်

"အင့် ဟင့် မငိုတော့ပါဘူး။
အန်တီလေးကို အဲ့မိန်းမလို့ မပြောနဲ့ ။
ကိုကို ငရဲကြီးလိမ့်မယ်

အဒေါ်‌ကို အတော်ချစ်နေတာ။ငိုနေတဲ့ကြားကနေ
သူ့အဒေါ်ကို မပြောဖို့ ပြောရဲသေးတယ် ဒင်းက။
ပန်သီးစားနေတဲ့ အကောင်ပေါက် အဆိုးလေးကို
ချီလိုက်လေတော့

"ဘာလုပ်တာလဲ ပန်သီး မကုန်သေးဘူး

"မစားနဲ့တော့ မစားချင်စားချင် နဲ့စားနေပီးတော့။

လက်ထဲက ပန်သီးကိုတော့ အကုန်စားလိုက်ပီး
ကိုကိုပွေ့ချီတဲ့အတိုင်း ကိုကို့ လည်ပင်းကို ဖက်ကာလိုက်ခဲ့တယ်။ကုတင်ပေါ် ပြန်တင်ပေးပီး
ကိုကိုကပါ ဘေးမှာဝင်အိပ်သည်။ကိုကို ရင်ခွင်ထဲ တိုးဝင်ပီး မျက်လုံးတွေကို မှိတ်ထားလိုပ်သည်။
ဘာပဲဖစ်နေဖစ်နေ ကိုကို့အနားနေရပီး အခုလို
ခိုလုံခွင့်ရတာနဲ့တင် ကျေနပ်ရတယ်။

"ကိုကို ပြောတာသေချာနားထောင် ကျန့်ကျန့်။
လူတိုင်းက ကျန့်ကျန့် မဟုတ်ဘူး။ ကိုယ်က မေတ္တာအမှန်ပေးလည်း တစ်ခြားသူက ခံယူတတ်မှ အဲ့မေတ္တာကို ခံစားမိတာ။ကျန့်ကျန့်က အဲ့ဒါကို လိုက်ခံစားနေရင် ကိုကို့ ကျန့်ကျန့် ပင်ပန်းတာပေါ့။မဟုတ်ဘူးလား ဟင် ကိုကိုကိုကြည့်ပီးဖြေ။

"ဒါပေမဲ့ မေတ္တာက အသွားအပြန်ရှိတယ်လေ။
အန်တီလေးက မေမေ့ကို မုန်းနေလို့ပါ။
ကျန့်ကျန့် သေချာမသိပေနဲ့ ဖေဖေနဲ့မေမေ ဆုံးသွားထဲက စောင့်ရှောက်ပေးခဲ့တဲ့ အန်တီလေးကို မမုန်းနိုင်ဘူး။အန်တီလေး ကျန့်ကျန့်ကို ချစ်မှာပါ
မေမေ့ကို မုန်းနေလို့သာ ကျန့်ကျန့်ကို အင့်

ကိုကို့အနားနေပါလား♥(Complete)Where stories live. Discover now