Unicode
တွန့်ကြေနေတဲ့အိပ်ရာပေါ်မှာ ခြေပစ်၊လက်ပစ်လှဲနေရင်း စီးကရက်တစ်လိပ်ကို တရှိုက်မက်မက်သောက်နေမိတယ်.. အလင်းရောင်ဆိုတာ ဘယ်ဆီနေမှန်းမသိအောင် အမှောင်ချထားတဲ့အခန်းထဲမှာဆေးလိပ်ငွေ့တွေကလွင့်ပျံလို့..
တချို့လူတွေက ဆေးလိပ်သောက်တာကို အပြစ်တစ်ခုလို့မြင်ကြတယ်.
ဆေးလိပ်ငွေ့တွေက လူကိုအန္တရာယ်ဖြစ်စေတယ် ၊ အဆုတ်ကိုထိတယ် အစရှိသလို သူတို့ထင်ရာ မြင်ရာတွေပြောတက်ကြတာ.ငါကတော့ အနုပညာဆန်တယ်လို့ပဲမြင်တယ်! ဆေးလိပ်ငွေ့တွေက ငါ့အတွက်တော့ စိတ်ခံစားချက်တွေပဲ..တချို့လူတွေကို ပြောလို့မဖြစ်တဲ့ကိစ္စတွေကို ငါ့နည်း ငါဟန်နဲ့ ရင်ထဲပေါ့သွားအောင် ပေါက်ကွဲထုတ်လိုက်တာပေါ့ သေချာတွေးကြည့်မယ်ဆိုရင် $ရမ်းကဗျာဆန်လွန်းပါတယ် အဟက်! 🚬
(📱🎶 ) ညာဘက်က စားပွဲခုံပေါ်ကိုပစ်တင်ထားတဲ့ ဖုန်းကိုလှမ်းယူဖို့ပြင်လိုက်ပေမယ့် နည်းနည်းလေးလှုပ်လိုက်တာနဲ့ ဗိုက်ထဲကအောင့်နေမိတယ်..ကျစ်!
တရပ်စက်မြည်နေတဲ့ ဖုန်းသံကြောင့် စုတ်သပ်ပြီးတော့ ဖုန်းကို မရရအောင်ယူပြီး ကိုင်လိုက်ပါတယ်' ဘာလဲ '
' မင်းဒီနေ့ထိသွားတယ်ဆို အဲ့တာ ငါဆေးခန်းခေါ်သွားပေးရ..'
' မင်းလိုကောင်ကလေ ! အဟား $ပိုတွေသိပ်မလုပ်စမ်းပါနဲ့ ရွံစရာကောင်းအောင်လို့ ထွီ! '
' မင်းလိုကောင်ကိုလည်း စေတနာရှိလွန်းလို့တော့မဟုတ်ပါဖူး မကောင်းတက်လို့ မေးတာ '
' တော်စမ်းပါ မင်း$သံကြားနေရတာ ငါ့ဒဏ်ရာတွေပိုနာတယ် ဖုန်းထပ်မဆက်နဲ့ ဒါပဲ '
ကုတင်ပေါ်လှဲချလိုက်ပြီး မျက်လုံးတွေကိုမှိတ်ချလိုက်မိတော့ အာရုံထဲကိုဝင်လာတဲ့ သူတစ်ယောက်... လူကဖြင့်ယိုင်နေတာကို သူ့စက်ဘီးကို သော့ သေသေချာချာခတ်နေသေးတာ..
' ငါ့ကိုခေါ်တာများ * ချာတိတ် *တဲ့ သူ့ကိုယ်သူ ဘာထင်နေလဲမသိဖူး.. '
ဆေးလိပ်ထပ်သောက်ဖို့ ဘောင်းဘီအိတ်ကပ်ထဲက နှိုက်လိုက်ပေမယ့် ထွက်လာတာက ပိုက်ဆံ ၁၀၀၀ တန်... ခုနကသူ ငါ့ကိုပေးခဲ့တဲ့ပိုက်ဆံပဲ...
မကြားရတာ တော်တော်ကြာနေပြီဖြစ်တဲ့စကားလေး သူ့ဆီကကြားလိုက်ရတယ်
YOU ARE READING
🔥P.S.Y.C.H.O🔥