♡︎(12)♡︎ (U+Z)

Start from the beginning
                                    

"အရမ်းမပွတ်နဲ့။မျက်စိနာဦးမယ်"

ခိုင်ခံ့မောင်က လှမ်းဟောက်လိုက်တော့ ကိုထွန်းသန့်လင်းနှင့်အတူပါလာသော ကိုမျိုးသက်က ခွီးခနဲ ထရယ်သည်။

"အစ်ကိုနဲ့ ခိုင်ခံ့မောင် ရဲ့အဖွားတို့ရွာကို သွားလည်ကြမလို့ ညီလေးကိုပါလိုက်ခဲ့စေချင်လို့။မနေ့ကပဲ အန်တီနုကို ပြောပြီးပြီ။
ခိုင်ခံ့က ညီလေးကိုဘာမှမပြောဘူးလား။"

ကိုထွန်းက အခန်းဝမှာရပ်လျက်ပင် ကုတင်ပေါ်မှ ခွန်မြဲဟိန်အား မေးလိုက်သည်။

"ကျွန်တော်မသိတဲ့ကိစ္စပဲ။"

ခွန်မြဲဟိန်က မျက်ဝန်းများကို တမင်မှေးစင်းကာ ခိုင်ခံ့မောင်အားကြည့်ရင်းပြန်ဖြေလိုက်သည်။

"အခုလာပြောတာလေ။ထတော့။
မင်းကို ငါနှိုးမရလို့ ငါ့အစ်ကိုတောင် အပေါ်တက်ပြီး လာနှိူးရတယ် မရှက်ဘူးလား။"

ခိုင်ခံ့မောင်၏ မဆီမဆိုင်စကားကြောင့် ခွန်မြဲဟိန် နှာခေါင်းရှုံ့လိုက်မိသည်။

"တော်ကြတော့။တွေ့ရင် ကိုက်ဖို့ပဲ။
မင်းကလည်း ခွန်မြဲ တကိုယ်ရည်သန့်ရှင်းရေးလုပ်နေတုန်း လိုမယ်ထင်တာတွေကူထည့်ပေးလိုက်လေ။ကူမယ်မရှိဘူး အော်ဖို့ချည်းပဲ။နောက်၁၀မိနစ်နေရင် ဆင်းလာခဲ့ကြ။ "

ကိုထွန်းသန့်လင်းက စီမံညွှန်ကြားပြီး အိမ်အောက်ပြန်ဆင်းသွားမှ ခွန်မြဲဟိန်ဟူသော အနှီကောင်သည်လည်း အိပ်ရာပေါ်မှ ကြွမြန်းတော်မူလေသည်။

ကိုယ်နှင့်တော်သော အစ်ကိုဖြစ်သူ ထွန်းသန့်လင်း ပင်လျှင် ကိုယ့်ထက်သူ့ကို ပိုအရေးပေးတာပဲကြည့်။

ခွန်မြဲဟိန် အိပ်ခန်းထဲမှ ထွက်သွားသည်နှင့် အန်တီနု ထည့်ပေးထားသော ခွန်မြဲဟိန်၏ အဝတ်အိတ်ကို ခိုင်ခံ့မောင် စစ်ဆေးရတော့သည်။

လူကြီးဆိုတော့ အာရုံများပြီး မေ့ကျန်မှာစိုးရိမ်ခြင်းကြောင့်သာဖြစ်ပါသည်။

အဝတ်များနှင့်အတူ ခြေအိတ်၊လက်အိတ်နှင့် သိုးမွှေးဦးထုပ်ကအစ အန်တီနုက ပြည့်ပြည့်စုံစုံထည့်ပေးထားသည်။

ခိုင်မြဲစေလို...Where stories live. Discover now