နိဒါန်း(U+Z)

Start from the beginning
                                    

" နေပါစေရှင့်၊ ညို ဆရာ့ဆီက သတင်းစာတိုက်အတွက်လိုတဲ့ စာရွက်စာတမ်းတွေလာယူတာပါ။ ပြီးရင် တန်းပြန်တော့မှာပါ" ဟော၊အသံကြားသနားပါစေဆုက သူ့ဆီမှာပြည့်ထားပြန်ပြီထင်သည်။

" ညီမက ကိုကိုကြီး အသစ်ခန့်လိုက်တဲ့ စာရေးမလေးဖြစ်မယ်ထင်တယ်" နေရီကပြောရင်း မျက်နှာချင်းဆိုင် ထိုင်ခုံမှာဝင်ထိုင်လိုက်သည်။

"ဟုတ်ကဲ့ ညို မနေ့ကမှ အလုပ်စဝင်တာပါ"

"အော် ၊ ဒါနဲ့ ညီမ နာမည်ကညိုတဲ့လား"

" အပြည့်အစုံက ဒေစီညိုပါ"

"ဟော ၊ ညို ညာတယ် ၊ ဒေစီဆိုတာ အဖြူဘဲရှိတာမဟုတ်ဘူးလား ၊ အညိုရောင် ဒေစီပန်းကိုမြင်ဖူးလို့လား ၊ ညိုမြင်ဖူးရင် တို့ကိုပြပါလား။ " နေရီရီက ခပ်ပြုံးပြုံးပြောတဲ့ အမေးစကားကိုကြားတော့ ဒေစီညို ရုတ်တရက် ဘာပြန်ဖြေရမလဲမသိ။

"ဟို ..ညို့ကိုမေမေက ဒီလိုဘဲ ပေးထားတာ.."

" ဟားဟားး ငါ့ညီမကတော့ သွားစနေပြန်ပြီ။ ဒီလိုဘဲ ညိုရေ၊ ကိုယ့်ညီမက အတော်လေးအစသန်တာရယ်" လက်ထဲမှာ ဖိုင်တစ်ထပ်နဲ့ အိမ်အပေါ်တက်မှ ပြန်ဆင်းလာတဲ့ကိုကိုကြီးရဲ့ ရယ်သံကိုကြားရတော့မှ ညိုလည်းသဘောပေါက်သွားသည်။ သူ့ရှေ့က အမျိုးသမီးကတော့ သူ့ရဲ့ အူကြောင်ကြောင်ဖြစ်သွားတဲ့ပုံစံကလေးကိုကြည့်ပြီး ဘာတွေသဘောကျနေမှန်းမသိ ။ ရယ်ချင်စိတ်ကိုအတော်ဖုံးဖိထားရတဲ့ပုံနဲ့ ပြုံးစစကလေးဖြစ်နေသည်။

" ရော့ ညို ၊ ကိုတင်မောင်တို့ သတင်းစာတိုက်ကို လာတောင်းတဲ့အခါ ပေးလိုက်ပါ" ကိုကိုကြီးက သူ့လက်ထဲက ဖိုင်တွေကို ညို့လက်ထဲလွှဲပေးသည်။

" ဟုတ်ကဲ့ ဆရာ၊ ညို ပေးလိုက်ပါ့မယ်" ပြန်ဖို့ပြင်နေတဲ့ညို့လက်ထဲက ဖိုင်တစ်ဝက်ကို နေရီရီက ကူသယ်လိုက်သည်။

"ပေးပေး တို့ကူသယ်ပေးမယ်၊ ကိုကိုကြီး ညီမလေး ညို့ကိုခြံရှေ့အထိပြန်ပို့ပေးလိုက်ဦးမယ်နော်"

"အေးအေး"

အိမ်မကြီးကနေ ခြံရှေ့အထိ လျှောက်လာတဲ့ တောက်လျှောက် ညိုကနေရီ့ဘေးနားမှ စကားတခွန်းမှမပြောဘဲ ဆိတ်ဆိတ်ပင်လိုက်လာသည်။ နေရီကတော့ တွေးမိသည်။ သူစလိုက်တာများ ရှက်သွားသလားလို့ပေါ့။

နေညိုအမီ ဒေစီတစ်ပွင့်ပျိုးခဲ့သည်(ေနညိုအမီ ဒေစီတစ်ပွင့်ပျိုးခဲ့သည်)🌼 Where stories live. Discover now