"အော် အမရယ် ကျွန်မတရားစခန်းလည်း ဝင်နေလို့ပါ မြေးခြင်းကလည်း မန်းလေးမှာခြေ ငြိမ်နေတယ်လေ"

ခြေငြိမ်တယ်ဟု ဆိုလိုသည်က အဆင်ပြေနေတဲ့ သဘောဆိုသောကြောင့်
ဒေါ်စိန်မိုးစက် ခေါင်းကို တညိတ်ညိတ်လုပ်ကာ

"အေးအဲ့မြေးက ဟိုကလေးမကိုသဘောကျပုံရတယ် သွားခိုင်းတုန်းကတော့ ရန်ကုန်မှာ အလုပ်တေကျန်သေးတယ် ဘာဖြစ်တယ်နဲ့"

ဒေါ်ငွေမိုးစက် ဟက်ဟက်ပက်ပက်ရယ်ကာ

"အဲ့တာကြောင့် ပြောတာပေါ့ ကျွန်မရွေးချယ်တာမှန်သွားတယ် ကလေးမက ကျွန်မ မြေးထက်ချေတယ် သူ့ဟာသူနေပြီး ကျန်တဲ့သူဆို ရှိတယ်လို့ မထင်တဲ့သူမျိုး ဟိုတစ်နှစ် မြစ်ကြီးနားသွားကတည်းက အဲ့ကလေးမလေးကို မျက်စိကျနေတာ အသက်အရွယ်တွေက အရမ်းကွာကြပေမဲ့ သူ့ဟာသူ တည်တည်ငြိမ်ငြိမ်လေး အရွယ်နဲ့ မလိုက်အောင်ကို တည်ငြိမ်တာ"

ညီမဖြစ်သူက မတော်စပ်ရသေးသည့် မြေးချွေးမအကြောင်းအား ရွှန်းရွှန်းဝေအေါင်ပြောပြတာကို ခေါင်းနှင့်ထောက်ခံနေသလို အသွင်ခြားဆိုသည့် ကောင်မလေးအကြောင်းကလည်း ခေါင်းထဲ ပေါ်လာလေသည်။

"အသွင်ခြားဆိုတဲ့ ချာတိတ်မလေးသာ ငါ့မြေးရဲ့ ခဲနေတဲ့ အသည်းကို အရည်ပျော်အောင်လုပ်နိုင်ရင်တော့လား......"

"ဟင်"

"ဟုတ်တယ်ငါလေ့လာပီးသွားပီ မြေးနဲ့လက်ထပ်ရမယ့်သူက အသွင်ခြားပဲဖြစ်ရမယ်"

"ဒါမဲ့ကျွန်မကြားခဲ့တာ ဒီနေ့ပဲရှေးရိုးကိုစေ့စပ်ဖို့သွားခဲ့တယ်ဆို ပီးတော့အိမ်ကိုလည်းဒေါသထွက်ပီးပြန်လာတယ် သတင်းကိုသဘောမတူတဲ့ပုံစံနဲ့"

အဖြေမပေးဘဲသူပြောချင်တာသာပြောနေသည်။တကယ်ပါ စေ့စပ်မှုကိုဘာကြောင့်လုပ်လဲလို့........။

"စောင့်ကြည့်ကြတာပေါ့ ငါစီစဉ်သလိုဖြစ်လာမာပါ"

ဒေါ်ငွေမိုးစက်ကတော့အမဖြစ်သူကိုသာငေးကြည့်နေသည်။တကယ်ဉာဏ်ကြီးပါပေ့။
နားကိုမလည်နိုင်တော့ပေ.....။

"မင်းစစ်သည် အသွင်ခြားကို လက်ကို လက်ထပ်စေရမယ်"ဒေါ်စိန်မိုးစက်ကတော့သူစီမံသည့်အတိုင်း ဖြစ်မြောက်တော့မည့်အတွက် ပြုံးပျော်နေသည်။

ရူးခါနေအောင်ချစ်ရသူ(Completed)Where stories live. Discover now