"ဒယ်ဒီတို့ကလည်းမငြင်းချင်ဘူး ဘွားစိန်ကို သူ့မြေးက သမီးထက်ခုနှစ် နှစ်လောက်ကြီးမယ် မောင်စစ်သည်က မိန်းမအရှုပ်အရှင်းအတော်ကင်းတယ်။သူရဲ့UG Entertainment ကသားရန်(ကမ္ဘာရန်ရှင်း)ရဲ့ main sponsor companyတစ်ခု။ ဒယ်ဒီတို့နဲ့လည်းစီးပွားရေးပါတနာတေ အစကတော့ သမီးလေးသွင်နဲ့ပြောမလို့ပဲ မောင်စစ်အနေနဲ့သမီး သွင်နဲ့အဆင်ပြေမယ်မထင်လို့လေ"

""သွင်က ဘာဆိုင်လို့""

အသွင်ခြားနှင့်ဆိုသောကြောင့် မျက်လုံးဝိုင်းလေးနှင့်မော့ကြည့်နေရင်းမှ အမှီပါသည့် ကုလားထိုင်အား ကိုယ်နွဲ့၍ မှီထားသည်။ လာဗင်ဒါရောင်ဆန်ဆန် စိုးထားသည့် ခရမ်းဖျော့ဖျော့ ဆံပင်ရှည်တေအားလည်း ဖြန့်ထားသလို သူမပုံစံက အိမ်နေရင်းနဲ့တောင် Bad girlစတိုင်ဖြစ်နေသည်။

"အကိုစစ်သည်နဲ့ ရှေးနဲ့က လိုက်ဖက်ပါတယ်"

ကာရန်ခြားကဝင်ပြောသည်။အသွင်ခြားနှင့်ဒေါ်ရှုမငြီးကတော့ ခေါင်းတငြိမ့်ငြိမ့်။ရှေးရိုးကတော့ခေါင်းသာခါ၍ companyသွားရန်ပြင်သည်။

ရှေးရိုးထွက်သွားတော့ ကာရန်ခြားနှင့်အသွင်ခြားသာကျန်ခဲ့သည်။

"ကိုကြီးရော ဖူးစာဖက်မလာသေးဘူးလား မြားနတ်မောင်ကလည်း လူပျိုကြီးကိုမေ့နေတာလားမသိ"

"မိအသွင်ခြား နင်သာမဆိုးနဲ့ တစ်နေ့ကိုရဲစခန်းဘယ်နှခေါက်လောက်ဝင်ထွက်နေတာလဲ ခုထိဝေ့လည်ကြောင်ပတ်လုပ်နေတုန်း"

ရန်ပွဲတိုင်းလို လိုလည်း အသွင်ခြားမပါတာမရှိ။ သူငယ်ချင်းတစ်ယောက်ဖြစ်သည့် ရဲမေကတောင် အသွင်ခြားအား ကြည့်မရတော့သည်က ရဲစခန်းအား ကိုယ့်အိမ်လို ခဏတိုင်းအလှည်အပတ်ထွက်နေ၍။

"ဟာcaptainကြီးကလည်း လူပျိုကြီးပိုက်ဆံဖြုန်းပေးတါလေ ဘာလဲမကြိုက်ဘူးလား ရဲစခန်းကလည်းသူတို့အရင်ရန်စလို့ါပ ဟဲဟဲ"

ကာရန်ခြားမှာ လေယာဉ်pilotတစ်ယောက်ဖြစ်သူမို့ အသွင်ခြားနှင့် လေးနှစ် လောက်ကွာသည်။ အသွင်ခြားမှာ 24နှစ်ထဲဝင်နေပြီဖြစ်ပြီး ကာရန်ခြားက နှစ်ဆယ့်ရှစ်နှစ်ကျော်နေပြီဖြစ်သည်။

ရူးခါနေအောင်ချစ်ရသူ(Completed)Where stories live. Discover now