"နောင် ကိုယ်ဘယ်ကိုရောက်နေတာလဲ?..."

"ကျွန်တော့်အိမ်..."

"ဟုတ်လား မင်းအိမ်လေးကချစ်ဖို့ကောင်းလိုက်တာ...
ကိုယ်ဘယ်လိုလုပ်ဒီကိုရောက်လာတလဲ? နောင်..."

"ခိုးလာတာ..
ကျွန်တော် ခင်ဗျားကို ခိုးပြေးလာတာ.."

"ဟင်..."

တလုံးချင်းပီသစွာပြောလာတဲ့နောင့်စကားတွေကြောင့် ရာရှင်းသန့်နားမလည်မိတာတော့အမှန်ပင်။

အချိန်တချိန်ကိုပြန်ရစ်ကြည့်ရမယ်ဆို...

မနေ့က နောင်ချိန်းလို့ နောင်နဲ့တွေ့နေကျကော်ဖီဆိုင်ကိုသူရောက်သွားခဲ့သည်။ ဆိုင်ရောက်တော့ နောင်နဲ့တွေ့ပြီး နောင်မှာပေးထားတဲ့ကော်ဖီကိုသူသောက်မိသည်။ ထို့နောက် နောင်နဲ့သူစကားတွေပြောနေပေမယ့် သူ့မျက်လုံးတွေဝေးဝါးလာပြီး အသိစိတ်တွေပျောက်သွားခဲ့ရသည်။ သူအသိစိတ်တွေပြန်ရောက်လာချိန်မှာတော့ သူဟာ နောင့်အိမ်မှာရောက်နေတာတဲ့လေ။

"အခု ခင်ဗျားတို့မိသားစုရော ခင်ဗျားတို့တဆွေလုံးတမျိုးလုံးရော ခင်ဗျားယောက်ျားနောက်လိုက်သွားတယ်ဆိုတဲ့သတင်းကိုအကုန်သိသွားကြပြီ.."

"နောင်ပြောနေတာတွေ ကိုယ်နားမလည်ဘူး...
ကိုယ်က ဘာလို့ယောက်ျားနောက်လိုက်ရမှာလဲ? ပြီးတော့ဘယ်ယောက်ျားနောက်ကိုလဲ?.."

"အဟက်! ဘယ်သူရှိရမှာလဲ? ခင်ဗျားရှေ့မှာရပ်နေတဲ့ကျွန်တော့်နောက်ကိုလေ..."

"ဟင်..."

"အခုမှအံ့သြပြမနေနဲ့ ရာရှင်းသန့့််...
ကျွန်တော်ခင်ဗျားကိုခိုးပြေးလာခဲ့တာ...
အဲ့တာဘာကြောင့်လဲသိလား ခင်ဗျားမိဘတွေကို အရှက်တကွဲအကျိုးနည်းဖြစ်အောင်လို့...
အခုချိန်မှာ သူတို့သားယောက်ျားနောက်လိုက်သွားတယ်ဆိုပြီး ပတ်ဝန်းကျင်ကကဲ့ရဲ့သံတွေကို သူတို့ဘယ်လိုများနားထောင်နေလိမ့်မလဲ?..."

ချက်ချင်းတည်သွားလိုက် ချက်ချင်းပြုံးလာလိုက်နဲ့ပြောနေတဲ့နောင်က တကယ်ကိုကြောက်စရာကောင်းသည်။ ထို့နောက် သူ့ပခုံးကိုကိုင်လာတဲ့လက်တစ်ဖက်ကြောင့် ရာရှင်းသန့်ကိုယ်လေးတုန်သွားသည်။

ကျွန်တော် ခင်ဗျားကို မချစ်ဘူး...(Completed)Where stories live. Discover now