မယ့်ရုံးခန်းလေးကတော့ နဂိုအတိုင်းသန့်ရှင်းသပ်ရပ်လို့ရယ်။
ရုံးခန်းထဲသို့ရောက်ရောက်ချင်း အလုပ်စားပွဲပေါ် လက်ကိုင်အိတ်ကိုပစ်တင်၍ ဆုံလည်ထိုင်ခုံပေါ်ခြေပစ်လက်ပစ်ထိုင်ချပစ်လိုက်ပြီး လေပူတွေကိုခပ်ပြင်းပြင်းမှုတ်ထုတ်ပစ်လိုက်သည်။
အဆင်မပြေဘူးဆိုတာထက်အများကြီးပိုတဲ့စကားများရှိရင် ဒီစိတ်တွေအတွက်ပြောချင်ပါသေးရဲ့လေ။

"ဒေါက်! ဒေါက်! "

ဖွင့်ထားတဲ့တံခါးကိုမှ တမင်ခေါက်လို့ မန်နေဂျာဖြစ်သူမသက်ကရောက်လာပါသည်။

"နေကောင်းသွားပြီပေါ့! မယ်"

မသက်အပြောကို မယ် နှုတ်ခမ်းလှုပ်ရုံသာပြုံး၍ တုံ့ပြန်လိုက်သည်။
မသက်ကတော့ မယ့်ရုံးစားပွဲရှေ့က ဆက်တီခုံပေါ်ထိုင်၍ laptopကိုဖွင့်ကာ အလုပ်တစ်ချို့ကိုစစ်နေခဲ့သည်။

ကိုယ့်စားပွဲပေါ်မျက်ဝန်းတို့ပြန်ရောက်တော့ ပြုံးရယ်လျှက်ပုံရိပ်လေးနဲ့နေရာယူထားတဲ့ ဓာတ်ပုံမှန်ဘောင်ထဲက မိန်းကလေးကိုတွေ့ရာ ဖြတ်ပြေးသွားတဲ့နှုတ်ခမ်းကအပြုံးနဲ့အတူ ရင်ဘက်ထဲကဆစ်ခနဲ...

ဒီအပြုံးတွေကကိုယ့်မျှော်လင့်ချက်ပါ...
ပျောက်ပျက်သွားမှာ စိုးအရိမ်ဆုံးပေါ့ပန်။

တစ်သတ်လုံး မရှာဖွေဖြစ်ခဲ့တဲ့ချစ်ခြင်းဆိုတဲ့ နာမ်စားလေးတစ်ခု ရင်ဘက်ထဲကိုခဏတဖြုတ်အလည်လာစဥ်မှာပဲ မဖုံးနိုင်မဖိနိုင် ပျော်ရွှင်ခဲ့ရသလို ပြန်ထွက်သွားချိန်မှာလဲ ဟန်မဆောင်နိုင်ပြိုလဲခဲ့ရတယ်။

မေတ္တာတရားဟာ တန်ပြန်သက်ရောက်တိုင်းလည်း ဆုံစည်းဖို့မသေချာတတ်ဘူးတဲ့လား ချစ်တိုင်းလည်းမညားဆိုသလိုပေါ့ ရေစက်တစ်ခုကြောင့်တွေ့ဆုံပြီး ဖူးစာမပါလို့လှည့်ပြန်သွားတတ်တဲ့ ခြေလှမ်းတိုင်းဟာ အင်မတန်မှနာနာကျင်ကျင်ရှိတတ်ပါတယ်။

အလည်လွန်လာတဲ့ငှက်ငယ်လေးကိုမှ တစ်ယုတယ မြတ်နိုးမိခဲ့တဲ့ကိုယ့်ဘဝရဲ့သံသရာမှာတော့ လက်ညိုးညွှန်ရာပန်းတွေဝေသလို အချိန်တိုင်းနေရာတိုင်းက လှပလွန်းနေခဲ့တာ ယုံပါ။
တစ်ကယ်တော့ စိတ်ကူးနဲ့ပြေးလွှားသလောက်မရောက်ရှိနိုင်တာကလွဲရင် အစဥ်အမြဲ မင်းရဲ့လက်ကိုကိုင်ဆွဲလို့ ဘယ်သူမှမမြင်ကွယ်ရာအရပ်မှာဖွက်ထားချင်မိခဲ့တာ...၊ ဒါပေမယ့် ဒါဟာ အိမ်မက်တွေထဲကတောင်းတိုင်းမပြည့်တဲ့ဆုတစ်ခုသာဖြစ်ပါသတဲ့လေ။

ThantophobiaWhere stories live. Discover now