Ep (2)

1.5K 243 12
                                    

Unicode

ရှောင်ကျန့်ရဲ့စိုက်ပျိုးခြံလေးက အတော်အတန်ကျယ်သည်။ပြီးတော့ အပင်လေးများနဲ့ ပြည့်နှက်နေတာကြောင့် အရိပ်ရကာ နွေရာသီမှာတောင် နေလို့ကောင်းလှသည်။

စိုက်ပျိုးရေးခြံဟုပြောစဥ်က ဝမ်ရိပေါ်ထင်ခဲ့မိတာက သစ်ပင်အသေးလေးများဖြင့်သာ ပြည့်ညှက်နေမည်ဟုပင်။သို့သော် အပင်ကြီးများပါရှိ၍ တော်တော်အရိပ်ရသည်။အထဲတွင် လူတစ်ယောက်ကောင်းကောင်းအိပ်လို့ရမည့် အိမ်အသေးလေးနဲ့ ရေချိုးဖို့ လေးဖက်လေးရံကို အုတ်လေးများဖြင့်ကာထားသော အခန်းလေးနဲ့ အိမ်သာပါရှိသေးသည်။

ဝမ်ရိပေါ်က တွဲလောင်းချိတ်ထားသော အရောင်စုံပန်းများဖြင့် အပင်လေးများကို လက်ပင့်ကာ ထိကိုင်ကြည့်၏။

"အဲ့ဒါက သစ်ခွမျိုးကောင်းတွေလေ..လွန်ခဲ့တဲ့ ၃ရက်ကဆို အခုထက်ပိုများတယ်..အဒေါ်ကြီးတစ်ယောက် ငါ့ခြံရှေ့က ဖြတ်သွားရင်း ကြိုက်လို့ဆိုပြီး အများကြီးဝယ်သွားလို့ သိပ်မရှိတော့တာ "

တစ်နေရာအရောက် တရုတ်စကားပန်းအပင်သေးလေးများကိုလည်း အိုးကိုယ်စီနဲ့တွေ့ရသည်။

"အဲ့ဒါ တရုတ်စကားပန်း ပန်းရောင်အပင်သေးတွေလေ..သူတို့က အပင်သေးပေမဲ့ ခြံနဲ့ဝန်းနဲ့လူတွေ သိပ်ကြိုက်တာ..လှကြလို့လေ"

ဝမ်ရိပေါ်ဟာ လျှောက်ကြည့်ရင်း ရှောင်ကျန့်ကို မကြည့်ဘဲ သူ့အပေါ်မှ အရွက်စိမ်းစိမ်းလေးများကို တို့ထိနေရင်း

"ခင်ဗျားအသက်က ဘယ်လောက်လဲ..ကြည့်ရတာ ခင်ဗျား ဒီနေရာမှာနေတာကြာလောက်ပြီမလား "

"အင်း..မင်းမဆိုးဘူးပဲ..ငါ့အသက်က ၃၅ရှိပြီ.. ငါဒီမှာ အသက် ၁၅နှစ်သားလောက်ကတည်းက အမေနဲ့နေလာတာ.. အသက်၂၀မှာ အမေဆုံးသွားတော့ ငါကပဲ အမေ့အမွေဖြစ်တဲ့ ဒီခြံလေးကို လက်ဆင့်ကမ်းလာတာပေါ့ "

"ဒါပေမဲ့ ဒီစိုက်ပျိုးခြံက လုပ်အားလောက်နဲ့ အခုအိမ်ကို ဝယ်နိုင်တာတော့ လေးစားစရာပဲ "

ရှောင်ကျန့်က သူ့အပိုင်ဖြစ်တဲ့မြေနေရာကြောင့် ဝမ်ရိပေါ်ရေချိုးရန် ရေသွယ်ခြင်းလုပ်ငန်းကို သူကပဲဦးဆောင်လုပ်ပေးနေရင်း ဝမ်ရိပေါ်ရဲ့အထင်ကြီးသံမပါတဲ့ သာမာန်ကာလျှံကာ အပြောကို သဘောကျ၍ ပြုံးလိုက်မိသည်။

HomeownersWhere stories live. Discover now