" ရိပေါ် ...! "

" အင်း "

ရှောင်းကျန့်က အသံခပ်ဆတ်ဆတ်ခေါ်လိုက်ပေမယ့် နားရွက်ဖျားတွေကို ကိုက်ခဲနေတဲ့ရိပေါ်က ရပ်မသွားပဲ ဆက်ကိုက်နေရင်း ထူးတယ်။ တကယ်ပါ ရှောင်းကျန့်ကတော့ ဒီဟာလေးကို ဘယ်လိုကိုင်တွယ်ရမလဲ မသိတော့ဘူး။

" ညစာထွက်စားချင်တယ်ဆို ရေစောစောချိုးထား ... အပြင်ကနေ တစ်ခုခုမှာပြီး ပါပါးနဲ့ အတူတူသွားစားကြမလား ... ဟင် ~ "

" ဟာ ... အချစ်ကကွာ ... နှစ်ယောက်တည်းကြည်နူးချင်လို့ကို ဝမ်ဗိုက်ပူကို ဘာလို့ကန့်လန့်ကန့်လန့် ခေါ်ဦးမှာလဲ "

" ပါပါးကို အဲ့လိုမပြောရဘူးလေ ရိပေါ် "

ရှောင်းကျန့်ကို နောက်ကနေ သိုင်းဖက်ထားတဲ့ ရိပေါ်ရဲ့လက်တွေကို ရိုက်ပစ်လိုက်တယ်။ သေချာတယ်။ ငဆိုးလေးက နှုတ်ခမ်းလေးဆူလာတော့မှာ။

" နှစ်ယောက်တည်းပဲ သွားမယ်လေနော် အချစ် "

" ပါပါးမပါရင် မသွားဘူး "

" ဟာ ... အချစ် "

ရှောင်းကျန့်ရဲ့ တစ်ချက်လွှတ်အမိန့်ကြောင့် ရိပေါ်ရဲ့ ဆူဆောင့်ဆောင့်အော်လိုက်သံက ပိုလို့တောင်ကျယ်လာတယ်။ သည်ကောင်ငယ်လေးက လွန်ဆန်ရဲတာလည်း မဟုတ်ပဲနဲ့ သတ်သတ်မဲ့ရမလားလို့ ရှောင်းကျန့်အပေါ်ကို ဂျစ်တိုက်လွန်းတယ်။

" ရေသွားချိုးတော့ သွား ... ဂျစ်မတိုက်နဲ့ ... ဆက်ဂျစ်နေရင် အပြင်မထွက်ဘူးနော် "

" အချစ်ကလေ မောင့်ကိုသိပ်အနိုင်ကျင့်တာပဲ "

တစ်ယောက်တည်း နစ်နာသူပုံစံဖမ်းလို့ ဒရမ်မာတွေစွတ်ချိုးပြီး ထွက်သွားတဲ့ရိပေါ်ကိုကြည့်ရင်း ရှောင်းကျန့်မှာ ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့ရတယ်။

စိတ်ကောက်တာပေါ့လေ ...

ရှောင်းကျန့်ပြုံးလိုက်မိတယ်။ သဘောတကျနဲ့ကို တောက်တောက်ပပပြုံးလိုက်မိတာပဲ။ သည်ကောင်ငယ်လေးကို အချိန်တိုလေးအတွင်း သိပ်ချစ်မိသွားခဲ့တာပဲ။

လူဆိုးကောင်လေးက ရှောင်းကျန့်ဘဝထဲကို အချိန်တစ်ခဏလေးနဲ့ ခပ်မြန်မြန်ပဲတိုးဝင်လာတယ်။

Just To Be With You [ Completed ]Where stories live. Discover now