Part 15

3.2K 232 0
                                    

ကျော့ ကွင်း
Part 15

စာကြည့်စားပွဲတွင် ထိုင်ပြီး.. အမှုတွဲဖတ်နေသည့်... ဌာနမှူးကို... ကော်ဖီတစ်ခွက်
ဖျော်ပြီး.... လာပို့ပေးရင်း... ဌာနမှူးဘေးကခုံတွင် ဝင်ထိုင်လိုက်သည်

ပါးနှင့်မားရဲ့ အမှုတွဲအား အိမ်ယူလာပြီး.ဖတ်နေခြင်းပင်...

"နှိပ်ပေးရမလား ဌာနမှူး.. ညောင်းနေပြီလား.. ''

"အင်း.. ကောင်းတာပေါ့... ''

ကျွန်တော်.. ဌာနမှူးနောက်ဘက်ကိုသွားပြီး.. ဖြူဝင်းနေတဲ့ ဂုတ်လေးကို နှိပ်ပေး
နေမိသည်... အထူးမှုခင်းဌာနမှာ အလုပ်ဝင်တည်းက နေ့စဥ်နီးပါး...ဌာနမှူးကို နှိပ်
ပေးခဲ့ရသည်

"ရုံးမှာ... ဒီအမှုတွဲ အားလုံးဖတ်ပြီးခဲ့ပြီ မဟုတ်လား ''

"ဟုတ်တယ်.. ဌာနမှူး... ဒါပေမယ့်... သူတို့ အစီရင်ခံစာတွေက ပြည့်စုံလွန်းနေတယ်
ထင်တယ်... အမှုတွဲကို ဖတ်လိုက်တာနဲ့ သေချာပေါက် သတ်သေမှုလို့လဲ ယူဆရလို့
ရနေအောင် ပြည့်စုံနေတယ် ''

"ဟုတ်တယ်... အိမ်တံခါးတွေ အားလုံးအတွင်းက ပိတ်ထားတယ်.. အပြင်က ချိုး
ဖောက်.ဝင်ရောက်ထားတာ မရှိဘူး... ပြီးတော့.. ကြိုးရာတွေက ရုန်းကန်ထား
တာမျိုး.မရှိသလို...

သေပြီးမှ.. သတ်သေသလိုထင်ရအောင် ကြိုးနဲ့ချည်ပြီးဆွဲတာမျိုး မဟုတ်ဘူး ..
အလောင်းတွေ့တဲ့ အနေအထားနဲ့ ဓာတ်ပုံတွေအရ ကြိုးဆွဲချပြီးမှ အသက်ရှုကြပ်
လို့ သေဆုံးရတဲ့ အနေအထားပဲ''

ပြောပြီးမှ... တုန့်ပြန်သံ မကြားဘဲ... တိတ်ဆိတ်နေသဖြင့်... မော့ကြည့်လိုက်တော့
မတ်တပ်ကြီး...အတွေးလွန်ကာ မျက်ရည်ဝိုင်းနေသည့်.. ကောင်လေး..

သူ... မတ်တပ်ထရပ်ပြီး.. ရှောင်းကျန့်ကို.. ပွေ့ဖက်ကာ... နောက်ကျောလေးကို
ပွတ်ပြီး နှစ်သိမ့်ပေးတော့... သူ့ပုခုံးပေါ်ကို မျက်နှာအပ်ကာ တရှုံရှုံ ငိုတော့သည်

"မင်းလေးက ..အရမ်း.. သန်မာတဲ့ ကလေးပဲ... ငယ်ငယ်လေးနဲ့..တစ်ယောက်တည်း
ရပ်တည်ရတာတောင်..ကောင်းကောင်းမွန်မွန် ကြီးပြင်းပြီး... မိဘတွေရဲ့ အမှန်တရား
ကို ထုတ်ဖော်ပေးဖို့ ကြိုးစားနေတာသိရင် ကလေးရဲ့ ပါးနဲ့မားက ချီးကျူးနေမှာ
သေချာတယ် ''

ကျော့ ကွင်းWhere stories live. Discover now