"တွေ့လား....ဘယ်လောက် ပြန်ခုခံထားသလဲ... သူ့ပုံစံကိုသာ ကြည့်တော့...
တရားခံဆိုတာ....ထောင်ထဲ ဝင်ရမှာကြောက်လို့.... လွတ်မြောက်နိုင်ဖို့ အစွမ်းကုန်
ပြန်ခုခံမှာပဲ... သူတို့လို လူသတ်နေကျ စိတ္တဇသမားတွေဆို.. ပိုဆိုးတယ် ''

သူ .. ဌာနမှူးကို စောဒက တက်မနေနိုင်တော့ပါ... သွေးသံရဲရဲ.. ပေါက်ထွက်
မတတ်ဖူးယောင်နေတဲ့ တရားခံ မျက်နှာကိုသာ လိုက်ကြည့်နေမိသည်

"ရုပ်လေး သနားကမားနဲ့... အင်း.. ငယ်သေးတာပဲ.. ''

တရားခံက အသက် ၃ဝ ကျော် အရွယ်လောက်သာ ရှိဉီးမည်
သူတို့အားလုံး... အထူးမှုခင်းရုံးသို့.. ပြန်လာကြသည်.. တရားခံကို စစ်ကြောရေး
ခန်းထဲ ခေါ်သွားတော့.. ဌာနမှူးနှင့်အတူ စစ်ဆေးနေတာကို လိုက်ကြည့်ခဲ့သည်

တရားခံကို စစ်ဆေးချက်.. တရားခံ၏ ယခင်က အိမ်နီးချင်းများအား စစ်ဆေးချက်
အရ တရားခံ၏ မိခင်ဖြစ်သူမှာ အသက် ၁၅နှစ်အရွယ်မှာတင် ...တရားခံကို မွေးခဲ့
ပြီး... ဖခင်ဘယ်သူဘယ်ဝါပင် မသိခဲ့ရ... မိခင်မှာလည်း မိဘမဲ့ ခိုကိုးရာမရှိသဖြင့်
ကြုံရာကျဘမ်း ငွေရလျှင်အကုန်လုပ်သည့် အရွယ်မရောက်သေးသည့် မိန်းမငယ်
လေးတစ်ယောက်

ငယ်စဥ်ကပင် ဖခင်မရှိ.. မိခင်မေတ္တာငတ်သည့်အပြင်.. ငယ်လွန်းသည့်မိခင်က
လည်း ချစ်ခင်ခြင်းမရှိ.. သူမရဲ့အဆင်မပြေမှုများအား ကလေးငယ်အားပုံချကာ
အမြဲလိုလို စိတ်ထွက်ရှာ ရိုက်နှက်နှိပ်စက်ခဲ့သည်

သို့သော်... တရားခံ ကျောင်းနေအရွယ်တွင် တစ်စုံတစ်ဉီး၏ နောက်ကွယ်က
ထောက်ပံ့မှုဖြင့် ကျောင်းတက်ခွင့်ရခဲ့သည်... ငွေရှိသည့်ဖခင်က.. အမည်မဖော်
လိုသဖြင့်.. နောက်ကွယ်ထောက်ပံ့ပေးနေသည်ဟု ပတ်ဝန်းကျင်က ယူဆထား
ကြသည်

ကျောင်းစရိတ်သာ ထောက်ပံ့ပေးခြင်းဖြစ်ပြီး သွားလိုရာသွားနေသည့် မိခင်နှင့်
သာ နေထိုင်ရသဖြင့်.. ပြန်လာတိုင်းနှိပ်စက်ခံခဲ့ရသည် ... နေ့တိုင်းနီးပါး..
ယောကျာ်းတစ်ယောက်မဟုတ် တစ်ယောက် လာခေါ်တတ်ပြီး သူ့မိခင်ရဲ့
လက်သုံးစကားက ''မနက်ဖြန်မှ ပြန်လာမယ်'' ဟူ၍ ဖြစ်သည်

ကျော့ ကွင်းWhere stories live. Discover now