THAN-unicode-

2.1K 244 55
                                    


Recommended Song - Dancing With Your Ghost

" မောင် ဘယ်က ပြန်လာတာလဲ။ "

" မအိပ်သေးဘူးလား ဟျောင်း "

မေးတာကို မဖြေ။ မဖြေချင်တာလည်း ဖြစ်နိုင်သလို မဖြေရဲတာလည်း ဖြစ်နိုင်တာပဲ။ မဟုတ်တာ လုပ်ထားတဲ့သူမို့ မှန်ကန်နေတဲ့သူရဲ့မျက်လုံးတွေကို စေ့စေ့တောင် မကြည့်ရဲတဲ့ပုံပဲ။ သနားစရာကောင်းလိုက်တာ မောင်ရယ်။

" အိပ်မပျော်သေးလို့ပါ။ မောင် ဒီနေ့ နောက်ကျတယ်နော်။ "

" ဟုတ်တယ်၊ အလုပ်တွေများနေလို့။ "

ဟုတ်ပါပြီ၊ မောင်က အလုပ်များတယ်ဆိုတော့လဲ အလုပ်များတယ်လို့ပဲ သတ်မှတ်လိုက်တာပေါ့။

" လိမ်လိမ်မာမာနေပါ မောင်။ "

ကိုယ် ဘာကို ဆိုလိုချင်လဲဆိုတာ မောင် သိမှာပါ။ မောင့်အချိုးတွေကို မောင်ကိုယ်တိုင် ပြင်ပါ မောင်။ မပြင်ရင် ကိုယ်,ကိုယ်တိုင် ပြင်ပေးရလိမ့်မယ်။ သတိပေးရတာ ခဏခဏဆို မကောင်းဘူးနော်လေ မောင်ရယ်။

စကားတွေ အများကြီး မပြောချင်တော့ဘူး မောင်။ အများကြီးပြောရင် အများကြီး ပင်ပန်းရမယ်ထင်ပါရဲ့။

" ဂျောင်ကုကို ကောင်မလေးနောက်တစ်ယောက်နဲ့ တွေ့လိုက်ပြန်တယ်။ "

" ဟက် "

ခနဲ့စွာ ရယ်လိုက်သည်မို့ ဟိုဆော့သည် ကျွန်တော့်မျက်နှာကို စူးစိုက်ကြည့်လာသည်။

" ဘာမှမဖြစ်ဘူးလား ဂျီမင်။ မခံစားရဘူးလို့တော့ မပြောနဲ့နော်။ "

" မပြောပါဘူး၊ ခံစားဖို့ မလုံလောက်သေးဘူး။ "

ထပ်ပြီး ဟိုဆော့၏ကြောင်အအ အကြည့်များကို တွေ့လိုက်ရပြန်ပေမယ့် မျက်တောင်တစ်ချက် မခတ်ဘဲ လက်ထဲက ဝိုင်ခွက်ကို အသာလှုပ်ရမ်းလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Sep 10, 2023 ⏰

Add this story to your Library to get notified about new parts!

THANWhere stories live. Discover now