Part_1

9.4K 568 8
                                    


[Uni]


"ရှောင်ယွမ်..ရှောင်ယွမ် မင်းဘယ်မှာလဲ..."

"မင်းဘယ်မှာလဲလို့...ကိုယ့်ဆီပြန်လာခဲ့ပါ..ရှောင်ယွမ်..."

"ကိုယ်တို့ အတူတူဖြတ်သန်းကြမယ်လေကွာ..."

ကားလမ်းမတစ်လျှောက် သူ့နာမည်ကို အော်ဟစ်ကာ ရှာဖွေနေသည့် ယွီဟိုင်ရန်ကို သူကားပေါ်ကနေ တွေ့နေရသည်။ အရူးတစ်ယောက်လို မျက်ရည်တွေစီးကျနေသည့် ယွီဟိုင်ရန်၏ သွင်ပြင်က သူ့ရဲ့စိတ်ကို ထပ်တူနာကျင်စေသည်။ ဒါပေမဲ့ သူ ဘာများတတ်နိုင်တော့မှာလဲ..။ သူတို့နှစ်ယောက်က နီးမှမနီးစပ်နိုင်ကြတော့တာ။ ဒါကိုသူတို့နှစ်ယောက်စလုံး သိနေခဲ့ကြတာပဲလေ..။

သူ ကားမှန်ကနေ ယွီဟိုင်ရန်ရဲ့ အရူးလို ပုံစံကိုကြည့်နေခဲ့သည်။ လုံး၀မမြင်နိုင်တော့တဲ့အထိကို ရင်နာနာနှင့် ကြည့်နေခဲ့သည်။ နောက်ဆုံး မမြင်နိုင်တော့မှပဲ သူ့ရဲ့ လည်ပင်းထက်ဆီက ယွီဟိုင်ရန် ပတ်ပေးခဲ့သော ပု၀ါလေးကို ကိုင်လိုက်ရင်း မျက်ရည်များ စီးကျလာခဲ့သည်။

"ကျွန်တော်တို့ ဘယ်တော့မှ... ဘယ်တော့မှ
ထပ်မတွေ့ကြတော့ဘူး ယွီဟိုင်ရန်..."



........................................................




တီ တီ တီ တီ.....

ခေါင်းအုန်းဘေးမှ နိူးစက်အသံကြောင့် သူ့ရဲ့အိမ်မက်ဆိုးထဲမှ အသိဥာဏ်တွေ​ကနေ တစ်ဖြည်းဖြည်းစုစည်းလာခဲ့တယ်။
ဖန်ကျင့်ယွမ် မျက်လုံးကို အတင်းဖွင့်ကြည့်လိုက်တော့ ဖြူဖွေးဖွေးမျက်နှာကျက်ကို အရင်ဆုံးမြင်နေရတယ်။ အခန်းရဲ့ တိတ်ဆိတ်မှုကြောင့် သူ့ရဲ့ပတ်၀န်းကျင်တစ်ခုလုံးက အပ်ကျသံတောင်မကြားရ။ သူ့ရဲ့ နှလုံးခုန်သံ ပြင်းပြင်းကိုသာ အတိုင်းသားကြားနေရတယ်။

သူ့ နှလုံးခုန်သံတည်ငြိမ်သွားတော့မှ အိပ်ယာထက်ကနေ ထထိုင်လိုက်သည်။ သူ့ရဲ့ အသိတရားတွေက ချက်ခြင်းအလုပ်မလုပ်သေး..သူ့ရဲ့စိတ်တွေက ကားမှန်နောက်မှာ ကျန်နေခဲ့တဲ့ ယွီဟိုင်ရန်ဆီသာရောက်နေဆဲပဲ။

တီ တီ တီ တီ .....

ထပ်မြည်လာသည့် နိူးစက်က သူ့ရဲ့ အတွေးတွေကို လက်ရှိအချိန်ဆီ ဆွဲခေါ်ခဲ့တယ်။ သူနာရီနိူးစက်ကို လက်လှမ်းကာပိတ်လိုက်ရင်း ဘေးက ဖုန်းကို လှမ်းယူလိုက်သည်။ ဘာတွေလဲ အိမ်မက်လား.. ဒါပေမဲ့ သူသေချာသိနေခဲ့တယ်။ ဒါတွေက အိမ်မက်တွေမဟုတ်ဘူး။ သူတစ်ကယ်
တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေ။

 Rebirth of Gradual DistanceWhere stories live. Discover now