"မှန်းစရာမလိုလောက်အောင်... နင်သွားတဲ့နေရာကို ငါသိတယ်ဆ်ိုရင်လေပန်...နင်ငြင်းမလား ငါထင်နေတဲ့နေရာမဟုတ်ကြောင်း"

ဝိုင်း ဒီလိုစကားမျိုးပြောမှချိန်ဆနိုင်တာမဟုတ်ပါဘူး နဂိုထဲကပန်ထွက်သွားရင်ဘယ်ကိုလဲဆိုတာ ဝိုင်းသိနေမယ်လို့ယူဆထားပြီးသားမို့လို့။

"ငါမငြင်းဘူးဝိုင်း။ ငါသွားခဲ့တယ်"

"ဘာလို့လဲပန်!! ဘာလို့လဲ ငါမသိအောင်တောင် နင်တိတ်တဆိတ်သွားတွေ့ရတဲ့လူက ဘာလို့သူဖြစ်ရတာလဲ "

ဝိုင်းသည်...မျက်ဝန်းတွေကအေးစက်နေပေမယ့် ထောင်ထနေတဲ့ပါးရိုးတွေနဲ့ ခက်ထန်နေတဲ့လေသံတို့က ဒေါသတို့တောက်လောင်နေခြင်းကို အဓိကပံ့ပိုးပေးနေသည်။

"ဝိုင်း!! ငါ့မှာလည်းငါ့အကြောင်းနဲ့ငါမလို့သွားတာ အဲ့လောက်ထိလိုက်မပိတ်ပင်စမ်းနဲ့"

ပန့်ရဲ့အသံ နည်းနည်းမာသွားတော့ ဝိုင်းရဲ့မျက်လုံးတွေနီရဲလာကာ နဂိုတည်းကဖြစ်တည်နေတဲ့ဒေါသနဲ့ပန့်ပုခုံးနှစ်ဖက်ကို အကြမ်းပတမ်းလှုပ်ခါယမ်းလိုက်သည်။

"ပြော!!! အဲ့လောက်တောင်အရေးပါတဲ့ အဲ့ဒီအကြောင်းကဘာလဲ...ပန်!! နင်ငါ့ဆီကထွက်သွားဖို့လုပ်ခဲ့တာမလား..ဟမ် "

"ဟုတ်တယ်ဝိုင်း "

သတိလက်လွတ်စွာ အော်ဟစ်၍ပြောမိလိုက်တာ ပြန်​ရလိုက်တဲ့ပန့်ရဲ့အဖြေကဘယ်လိုမှမမျှော်လင့်ခဲ့တာမျိုး။

"ဘာ !!...ပန် နင်ဘာပြောလိုက်တယ်"

အံသြခြင်းမျက်လုံးတွေအဖြစ်အရောင်ပြောင်းလို့ ဝိုင်းသည် မျက်ရည်တွေလည်းချက်ခြင်းပြည့်နှက်လို့လာခဲ့သည်။

"ဝိုင်း... ငါကလေ လူမှန်းသိတတ်စအရွယ်ထဲက နင့်ဘေးနားမှာပဲရှိနေခဲ့လို့ နင်ကလိုလေးသေးမရှိဖြည့်စည်းပေးခဲ့လို့ ငါကနင့်ကိုလိုအပ်ခဲ့တယ် နင့်ကိုချစ်တယ်လို့ထင်မိခဲ့တယ် တစ်ကယ်တော့ ငါ့ရင်ထဲကချစ်ခြင်းအစစ်ကလေ ငါဘယ်နှစ်ခါပဲစမ်းစစ်စစ် မယ့်ဆီကိုပဲညွှန်ပြနေတယ်"

ပန့် ပခုံးကိုဆုပ်ကိုင်ထားတဲ့ဝိုင်းရဲ့ လက်အစုံတို့ပြေကျကာ ခြေကုန်လက်ပန်းကျသလို မျက်ရည်တွေကလည်း အတားအစီးမရှိကျဆင်းလာခဲ့သည်။

ThantophobiaWhere stories live. Discover now