"အင်းပါ..နင်အခုသွားတော့မှာလား"

"အင်း ! ဟို..ငါ ငါနင့်ကိုစိတ်ချမယ်နော်ပန်"

ဟိုတနေ့ကလို ထွက်များသွားမလားစိုးရမ်စိတ်နဲ့ စိတ်မချတာမှန်ပေမယ့် ပန်မကြိုက်တဲ့လူတွေကိုမခေါ်ထားခဲ့သလို မရဲတရဲနဲ့မှာရှာသည်။ ဝိုင်းကပန်နဲ့ပက်သတ်ပြီး အမှန်တကယ်ပင်ကြောက်ရွံ့မူ့တွေပြည့်လျှံနေခဲ့ပုံ။

"နင်သွားစရာရှိတာသာဖြောင့်ဖြောင့်သွားပါ"

ရုတ်တရက်ဝိုင်းရဲ့အကြည့်တွေက ပန့်ရဲ့လက်ကောက်ဝတ်က ဟန်းချိန်းလေးဆီသို့အရောက် ပန်ကမသိမသာ လက်ကိုနောက်သို့ရုတ်လိုက်သည်။ ဒါ မယ်ပေးထားတဲ့မွေးနေ့လက်ဆောင်လေးမို့လို့ ဝိုင်းမေးလာခဲ့ရင် မရှင်းပြချင်။ သို့သော် ဘာမှမပြောပဲဝိုင်းက ခပ်သာသာလေးသာပြုံးပြ၍ထွက်သွားခဲ့သည်။

ထို့နောက် ပန်သည်ဝိုင်းအခန်းထဲသို့ပြေး၍ သူမရဲ့ဖုန်းကိုအသည်းအသန်ရှာဖွေလေသည်။ အတော်အတန်ရှာဖွေပြီးသည်နှင့် အံဆွဲတစ်ခုအတွင်းဖုန်းကိုရှာတွေ့ခဲ့လေတော့
အမြန်စစ်ကြည့်ရာ မယ့်ထံမှ မပြန်ဖြစ်ခဲ့တဲ့massageတွေနဲ့ မကိုင်ဖြစ်ခဲ့တဲ့ဖုန်းcallတွေမှအပြည့် မျက်ရည်တို့ကဖိတ်ခေါ်စရာမလိုပါပဲ ချက်ခြင်းဝဲတတ်လာခဲ့သည်။ ရုတ်ခြည်းပင် ခိုင်မာသွားတဲ့ဆုံးဖြတ်ချက်တို့ကြောင့် ပန်အိမ်ကနေပြေးထွက်သွားခဲ့သည် ခြေလှမ်းတွေရဲ့ဦးတည်မူ့ မယ့်ဆီသို့။

______Thantophobia____

လမ်းတစ်လျောက် မယ့်ထံဖုန်းခေါ်နေမယ့် ဖုန်းကမကိုင်လာ ကိုယ့်နဲ့ဝေးနေတဲ့အတော်အတွင်း သူနေထိုင်ရာအရပ်မှာရွှင်ရွှင်လန်းလန်းမှရှိပါရဲ့လား ကျေးဇူးပြုပြီးအဆင်ပြေနေပေးပါမယ်...
မယ့်ရဲ့companyထဲသို့ဝင်ဝင်ချင်းrespectionက ဝန်ထမ်းကောင်မလေးတစ်ယောက်ထံ အရင်ဆုံး မယ်နဲ့တွေ့ခွင့်တောင်းမိသည်။

"မယ်နရီနဲ့တွေ့ချင်လို့ပါ"

"ကြိုချိန်းထားတာရှိလားဟင်"

"မရှိပါဘူး..ပန်လာတွေ့တယ်လို့ပြောပေးပါ"

နွမ်းလျလျနဲ့ပန်ရဲ့အပြောနောက် သဘောကောင်းတဲ့ဝန်ထမ်းကောင်မလေးက မယ့်ထံဖုန်းခေါ်ပေးခဲ့သည်။

ThantophobiaTahanan ng mga kuwento. Tumuklas ngayon