ဒေါသအလျောက်ခံစားချက်ရဲ့စေစားရာ အသံအနေအထားက အော်မိသည်မလို့ပန်တုန်သွားသည်။
ခန္တာကိုယ်လေးကျုံ့လျှက် မျက်နှာလေးငယ်သွားသည့် ပန့်ကိုမျက်လုံးထောင့်ကကြည့်လိုက်ပြီး ရင်ထဲမှာတင်းကြပ်နေခဲ့သည်။
နင်မမြင်ဘူးလားပန်။ တင်းမာနေတဲ့မျက်ဝန်းတွေကဖျော့တော့နေခဲ့တယ်ဆိုတာ နင်မကြားမိဘူးလား မာကြောနေတဲ့လေသံတွေမှာ ကြေကွဲမူ့နဲ့အက်ကွဲနေခဲ့တယ်ဆိုတာ နင်ငါ့ကိုမသိဘူး ငါရဲ့စိုးရိမ်စိတ်က နင်ရဲ့အလိုအပ်ဆုံးလူကငါမဟုတ်တော့မှာပဲ။ နင့်ကိုဆုံရှုံးရမှာ ငါသေမလောက်ကြောက်တာ ။ ဒါပေမယ့်နင်ကငါ့ရဲ့စိတ်ကိုတော့လျစ်လျူရူထားခဲ့ထားတာပဲ။
မြပုလဲမွန် စံအိမ်ကြီး၏ ဆင်ဝင်အောက်သို့ အရှိန်ပြင်းပြင်းကားထိုးရပ်လိုက်တော့ အလန့်တကြား နဲ့အိမ်ထဲကလူတစ်ချို့ထွက်လာကြသည်။
လေးကန်နေတဲ့စိတ်အစုံကိုမရမကစုစည်းလို့ ပန်ဒီအိမ်ကြီးကိုနောက်တစ်ကြိမ် ထပ်ရောက်လာခဲ့ပြန်ပြီ။ တစ်ကယ်ဆို ကိုယ့်ကိုမနေစေချင်တဲ့အိမ်ကို ဘယ်တော့မှပြန်မလာဘူးဆုံးဖြတ်ချက်ကသေချာနေခဲ့ပြီး မရှိတဲ့မာနလေးတစ်ခုကို အဆုံးထိတင်းနိုင်ချင်ခဲ့တာ။
ကားပေါ်ကမဆင်းပဲ ပေါင်ပေါ်တင်ထားတဲ့လက်တွေကို အချင်းချင်းဆုပ်ကိုင်ထားလျှက်ရှိနေစဥ် ကားတံခါးဖွင့်လာ၍ ပန့်လက်ကိုအတင်းဆွဲကိုင်၍ ထွက်လာစေတော့ ပန်ကအတင်းရုန်းကန်သည်။"ဝိုင်း !! နင်ငါ့ကိုအဲ့လိုမလုပ်နဲ့ ငါမလိုက်ချင်ဘူး ငါပြန်မယ်..ငါပြန်သွားမှာ ဖယ်ပေး"
ပြန်သွားမယ် ဆိုတဲ့စကားက ဝိုင်းအတွက်နာကျင်စေရန်တမင်ရင်ကိုရည်ရွယ်၍ပစ်ခွင်းလာတဲ့မြှားတွေသာသာ ။အဟက် ။ချစ်တဲ့သူကဆိုးလိုက်တာ ခွင့်မပြုဘူးလို့ဆို လွယ်မယ်ထင်လိုက်တာလား ပန်လေးရယ်။
ရုတ်တရက်ကောက်ချီခံလိုက်ရတဲ့ပန့်ရဲ့ခန္တာကိုယ်သေးသေးလေးက ဝိုင်းရဲ့ပုခုံးထက်။
"ဝိုင်း! နင်ဘာလုပ်တာလဲ ပြန်ချပေး...ဟဲ့ ဝိုင်း"
မကြားသလို ဂရုမစိုက်တဲ့ဝ်ိုင်းကအိမ်ထဲကိုသာ အေးအေးဆေးဝင်သွားပါသည်။
YOU ARE READING
Thantophobia
Fantasyလွတ်ထွက်သွားမှာစိုးထိတ်ရုံနဲ့ တင်းကျပ်စွာဆုပ်ကိုင်ထားရခြင်းတွေပါ။ ဆုံးရှုံးရမှာသာမကြောက်တတ်ခဲ့ရင် နာကျင်ရခြင်းကတစ်ကယ်သဘောကျစရာမကောင်းဘူး ။
Part: 5
Start from the beginning