"ကြီးကြီးရယ်..အဲ့လိုမလုပ်ပါနဲ့ ပန့်မှာသွားစရာနေရာမရှိလို့ပါ။ ပန် ဒီလိုရှိခိုးပြီးတောင်းပန်ပါတယ်"

လက်အုပ်လေးချီ၍ မရှိခဲ့ဖူးတဲ့မာနတို့ကိုချနင်းကာ နောက်ဆုံးအနေနဲ့တောင်းပန်မိပါသည်။ အားကိုးရာတစ်ကယ်မရှိလေတာမို့။

"ငါတို့မင်းကိုမလိုတော့ဘူး... ငါ့တူမလည်းအမေရိကားကိုကောင်းကောင်းမွန်မွန်ရောက်သွားပြီ။ ဟိုးအရင်အစတည်းက ငါ့တူမကြောင့်ပဲမင်းကိုခေါ်လာခဲ့တာ၊ အခုသူလည်းမရှိတော့ဘူး၊ မင်းလည်းနေစရာမလိုတော့ဘူး"

ပြက်သားလှတဲ့ဆုံးဖြက်ချက်တွေကပြန်ပြင်ဖို့မရှိတော့လောက်အောင် သေချာနေပြီဖြစ်ရာ ခိုကိုးရာမဲ့တဲ့လူကသာပြိုလဲရရုံ ။

တစ်ပေါက်ပေါက်ကျဆင်းလာတဲ့မျက်ရည်များက စာနာခြင်းကင်းမဲ့တဲ့အရိပ်အာဝါသအောက် ထပ်မံ့ကျရူံးပြနေရပြန်သည်။

"မမကြီး!!"

လှေကားမှကပျာကယာဖြင့် ကြီးကြီး၏ညီမဖြစ်သူ​အန်တီမေသန္တာက ပြေးဆင်းလာသည်။

"ပန့်ကို ဒီလိုလုပ်ဖို့ထိလိုရဲ့လား။ သမီး'ဝိုင်း'ကလဲ အချိန်တန်ရင်ပြန်လာမှာလေ သူပြန်လာလို့ ပန်မရှိရင်..."

"မေသန္တာ...!! "

စကားမဆုံးခင်မှာပဲ တားမြစ်လိုက်တဲ့ စူးရှရှအသံက တစ်ဖက်လူကိုဆက်မပြောဝံ့, နှုတ်ဆိတ်သွားအောင်အထိ ပြင်းထန်သောအာဏာလွှမ်းစေလေသည် ။

"နောက်ထက်ဆယ့်ငါးမိနစ်မြောက်မှာ ငါနင့်မျက်နှာကိုဒီအိမ်မှာထပ်မမြင်ရစေနဲ့"

ခပ်ပြက်ပြက်ပြောပြီးထွက်သွားသည့်စကားတို့၌ လူကိုဆယ့်ငါးမိနစ်အတွင်းအိမ်ကထွက်သွားခိုင်းသော အမိန့်တစ်ခုချန်ခဲ့လျှင်နှင့်။

တစ်ရှုံ့ရှုံ့ရှိုက်လျှက်ငိုရင်း ထွက်သွားစေသူ၏ အမိန့်ကိုမလွဲမသွေနာခံရမည်ကြောင့် အားမရှိသောခြေထောက်တို့ကဖြေးညင်းစွာထရပ်ပြီးသွားရန်ပြင်အမိတွင် ။

"သမီး...ပန်"

ခေါ်သံကြောင့် ပန်လှည့်ကြည့်လိုက်သည်။

"အန်တီမေ"

"အန်တီစိတ်မကောင်းပါဘူးကွယ်! သမီးဝိုင်းက သမီးပန်ကိုသေချာစောင့်ရှောက်ဖို့အန်တီ့ကိုအပ်ထားပါရက်နဲ့ "

ThantophobiaDove le storie prendono vita. Scoprilo ora