မနတ်ထဲက သူမဖခင်စီမံခဲ့သည့် project တစ်ခုအတွက်အလုပ်ရှုပ်နေသည့်အတွက် နေဝန်းကိုသတိမထားမိပေမဲ့ ယခုနေ့လည်စာစားဖို့အချိန်လင့်မှသတိရသည်၊ သူမအနေနဲ့အားလဲအားနာရသည်၊ သူမတက်ရသည့်အစည်းအဝေးပွဲက ထင်ထားတာထက်ပိုကြာသွားသဖြင့် အချိန်သည်ကား နေလည် ၂ နာရီ၊ သူမအနေနဲ့အစည်းအဝေးမှာဗိုက်ထဲကအောင့်တက်လာသောကြောင့် ဧည့်ခံထားသည့်အအေးနှင့်ကိတ်အနည်းငယ်စားခဲ့သော်လဲ သူမအနားမှာအမြဲရှိနေသည့် နေဝန်းကတော့ထိုသို့မဟုတ်။
"ဟို ကိုနောင် ပန်းသွေးကို ဒီလမ်းမပေါ်က ရှိတဲ့မုန့်ဆိုင်တစ်ဆိုင်ဆိုင်မှာခဏရပ်ပေးပါနော်..."
ပန်းသွေးစကားအတိုင်း ပန်းသွေးနှင့်အဆင်ပြေမည့်မုန့်ဆိုင်ရှေ့မှာကားရပ်ထားလိုက်ပြီး ပန်းသွေးကမုန့်ဆိုင်ထဲဝင်သွားခဲ့သည်၊ နေဝန်းကလဲပန်းသွေးနောက်တကောက်ကောက်၊ ပန်းသွေးတစ်ယောက်ထဲmenu စာအုပ်ကြည့်ကာ အများကြီးမှာနေသောကြောင့် တစ်ယောက်ထဲအဲ့လောက်ထိစားနိုင်သည်လားဟူ၍ နေဝန်းမျက်လုံးပြူးသွားသေးသည်။
၁၅ မိနစ်လောက်ကြာတော့ ပန်းသွေးမှာထားသည့်မုန့်များရပြီဖြစ်၍ သူမသည်ဘေးကနေကူကိုင်ပေးပြီး ကားရှိရာသိူ့ပြန်လာခဲ့သည်။
"ကိုနောင်တဲ့ ရှင်နဲ့အဆင်ပြေလောက်မဲ့ဟာတွေဝယ်လာတာ အဆာပြေဖြစ်ဖြစ်စားလိုက်ပါ ရုံးရောက်တော့ထပ်စားလဲ့ပေါ့"
ပန်းသွေးသည် တစ်ခါတစ်ရံ သူမလက်အာက်ကသူတစ်ချို့ကို ယခုကဲ့သို့မုန့်ဝယ်ကြွေးတက်ကြောင်း ကိုရန်နောင်ကဘေးကနေပြောပြသောကြောင့် သူမမသိသေးသောပန်းသွေးအကြောင်းတစ်ချို့လဲထပ်သိရသည်။
ဆိုင်မှာတုန်းက သူစားဖို့ဝယ်သည်ဟုထင်သော်လဲ တကယ်တန်းကျ သူမတို့အတွက်ဖြစ်နေပြန်သည်၊ သူကိုယ်တိုင်အတွက်ကျတော့ စတော်ဘယ်ရီ milkshake တစ်ခွက်သာ။
ရုံးပြန်ရောက်တော့ ထမင်းတောင်မစားနိုင်တော့ ပန်းသွေးဝယ်ကြွေးသည့်အစာပြေစာတွေစားပြီးဗိုက်တင်းနေပြီဖြစ်သည်၊ ရုံးမှာဖြစ်သည့်အတွက် ပန်းသွေးအနားအမြဲမြဲလိုလိုနေစရာတော့မလို၊ သို့ပေမဲ့ ပန်းသွေးအတွက်တော့ အနီးဆုံးခေါ်လို့ရမည့်နေရာမှာသူမရှိနေသည်၊ ထို့ပြင် သူမသည်ပန်းသွေး၏တစ်ချို့သူမမသိသောရုံးတွင်းပိုင်းအခြေအနေများစွားကိုလဲ ဝန်ထမ်းတစ်ချို့နဲ့စကားပြောကျရင်းသိခဲ့ရသည်။