တူလေး တူမလေးကို ပညာတတ်စေချင်တယ်။ ဘဂျမ်း ပညာမတတ်လို့ ပင်ပန်းတာ။ ပညာမတတ်လို့ သူများခိုင်းတာလုပ်ခဲ့ရတာ။ ပညာမတတ်လို့ပဲ ဘဂျမ်း မှာ စဥ်းစားတွေးတောနိုင်ခြင်းမရှိခဲ့တာ။အမှားအမှန်ခွဲခြါးတယနိုင်ခြင်းမရှိခဲ့တာ။

ဘဂျမ်း ထောင်ကျခဲ့ရသေးတယ်။
အမေဆိုတာ အရူးမီးဝိုင်း ဖြစ်ရတာပေါ့.... အိပ်ယာထဲ ဗုံးဗုံးလဲသွားတဲ့အထိ။
ဘဂျမ်းဆိုးပေလို့ မဟုတ်ရပါဘူး။
ခုဏပြောခဲ့သလို....သူများချောက်ချတာခံခဲ့ရတာလေ။
ဒါကြောင့် ဘဂျမ်း လူတွေကို ပတ်သက်ရမှာကြောက်တယ်။
ဒါပေမဲ့ ဘဂျမ်းကို လာတော့မစမ်းသပ်နဲ့။ သူသေကိုယ်သေလုပ်ပစ်မှာ။

ဆိုင်ကယ်ကယ်ရီ မမောင်းခင်က ညပိုင်းဆွဲတဲ့ အောက်ဆိုဒ်ကားမှာ စပယ်ယာလုပ်တာ။ စပယ်ယာမလုပ်ခင်က ကုန်စိမ်းဆိုင်မှာပေါ့။
လူပေါင်းစုံ....အင်းးးး
လူမကောင်းသူပေါင်းစုံ ဆက်ဆံရတာ။ ဒါကြောင့် ဘဂျမ်း အဲ့အလုပ်ကိုယောင်ပြီးတော့မှ လှည့်မကြည့်ချင်​ေတာ့ဘူး။ ဘာပဲပြောပြော ဆိုင်ကယ်ကယ်ရီဆွဲနေတာကမှ ကိုယ့်စိတ် ကိုယ့်သဘောလုပ်ခွင့်ရသေးတယ်။

မိုးတစိမ့်စိမ့်အောက်က အပင်ရိပ်မှာ ဘဂျမ်း....တွေးတွေးငေးငေးနဲ့ပေါ့။
လူတွေလဲပျောက်လိုက်တာ......မိုးကစွေနေတာကိုး....
ဟော...ပြောရင်းဆိုရင်း....သည်းလာပြန်ပြီ...ဒီမိုး...
.
.
.
.
.
အခန်း(၁)
လင်းသန့်ကြည်

ဆေးခန်းငယ်လေးရဲ့ တံစက်မြိတ်အောက်က ရေတွေ တဖျောက်ဖျောက်ကျနေတာကို လင်းသန့်ကြည် ငေးကြည့်နေမိတယ်။ မိုးရွာရင် အမေ့ကို သတိရတယ်။ ငယ်ငယ်လေးကတည်းက မိုးသည်းရင် အမေ့ကို ပြေးဖက်ပြီး နေရမှ လုံခြုံတယ်လို့ထင်တာ။
အဖေမရှိတော့တဲ့နောက်....အဖွားနဲ့အမေရဲ့ ပြုစုယုယမှုပဲရခဲ့ပေမဲ့ လိုအပ်တာမရှိခဲ့ရသူ။ တစ်ခုပဲ....လင်းသန့်ကြည် မိုးရွာရင် အိမ်ကိုလွမ်းတယ်....အမေ့ကိုလွမ်းတယ်။

စာတော်တဲ့ သူဆိုတော့....အမေက ​ေမျှာ်လင့်ချက်ကြီးကြီးထားခဲ့တာ။ တက္ကသိုလ်ဝင်တန်းအောင်တော့....ဘာသာစုံဂုဏ်ထူးပါခဲ့တယ်။ ဆေးကျောင်းကို ဝါသနာဆိုတာထက် အမေနဲ့အဖွားဖြစ်စေချင်လွန်းတဲ့ ဆရာဝန်ဖြစ်ဖို့ တက်ခဲ့ရတာ။
ဝါသနာကတော့ ပန်းချီဆွဲတာပေါ့။
သို့သော်.....လင်းသန့်ကြည်က ရောက်ရာနေရာမှာထူးချွန်အောင် နေသည့်သူ။ ဒါကြောင့် ဆေးကျောင်းမှာလဲ စာတော်သည့်ကျောင်းသားပါပဲ။ လူ့အသက်တွေကယ်ရတဲ့သူဖြစ်ဖို့ လင်းသန့်ကြည် စိတ်နှစ်ထားပြီးသား။ ထူးချွန်တဲ့ ဆရာဝန်ကောင်းတစ်ယောက်ဖြစ်ရမယ်လို့ ဆုံးဖြတ်ထားတာကြောင့်....ကြိုးစားတယ်....လေ့လာတယ်....သင်ယူတယ်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now