🖤 Auckland Day Trip 1❤️

Start from the beginning
                                    

ကလေးတွေ‌ပြီးတော့ ကျွန်တော်နဲ့ကိုကို့အတွက်လည်း ကလေးတွေကိုပြင်သလိုပဲ တစ်စုံစာစီပြင်ရသည်။ ပြင်နေတုံးရှိသေး နောက်ကနေပွေ့ဖက်လာတဲ့ ကျွန်တော်မြတ်နိုးတဲ့လက်တွေရယ် ဂုတ်ပေါ်ကျလာတဲ့ အနမ်းတွေရယ်ကြောင့် မျက်နှာမသစ်ရသေးခင်မှာပဲ လူကလန်းဆန်းသွားပါပြီ။

❤️Kiwi Tuk Tuk ကို baby bookingလုပ်ထားပြီးပြီ ကိုကို မနက်၁၀နာရီ လာခေါ်မယ်တဲ့

🖤အချစ်ကလေးက အရမ်းအားကိုးရတာပဲ ကိုကိုတို့ရေချိုးဖို့ ရေသွားစပ်လိုက်ဦးမယ်နော်

ရေချိုးဖို့ရေနွေးသွားစပ်ပြီးပြန်ထွက်လာတော့ သူပွေ့ခေါ်ရာနောက်လိုက်ရသည်။ မနက်ခင်းအေးအေးမှာ သူစပ်ပေးတဲ့ရေနွေးနွေးထဲ သူနဲ့အတူဝင်စိမ်နေရတဲ့ ခံစားချက်က ရင်ခုန်စရာအပြည့်နဲ့ပါ။ မျက်နှာချင်းဆိုင်ထိုင်ပြီး ကျွန်တော့်လည်ပင်းကို အုပ်ကိုင်လာတော့ အသည်းယားလို့ သူ့ရင်ဘတ်က တက်တူးကို ပြေးနမ်းလိုက်သည်။

ကျွန်တော့်အတွက်ထာဝရတည်ရှိနေမဲ့ မွေးနေ့လက်ဆောင်လေးမို့လို့ရော ဖေဖေ့ရဲ့အငွေ့အသက်တွေရှိနေတာလေးဖြစ်နေတာကြောင့်ပါ သိပ်တန်ဖိုးထားရလွန်းတဲ့ တက်တူးလေးဖြစ်နေတာပါ။

ချုပ်ထိန်းထားပုံရတဲ့ အကြင်နာအနမ်းတချို့က လေပွေဝဲသလို ကျွန်တော့်ခန္ဓာအနှံ့ဖြန့်ကျက်လာတော့ မျက်လုံးစုံမှိတ် နှုတ်ခမ်းကို တင်းတင်းစေ့လို့ အရှက်သည်းစွာ ခံယူရသည်။ ခရီးသွားတဲ့အခါတိုင်း အတူမနေဖြစ်ပေမဲ့ သူဖန်ဆင်းတဲ့ အနမ်းမုန်တိုင်းကနေတော့ ဘယ်သောအခါမှစက်ကွင်းမလွတ်ဘူးလေ။

နှင်းဆီပန်းနံ့လေးသင်းနေတဲ့ ရေထဲမှာ ခံနိုင်ရည်မကျန်လောက်အောင် အနမ်းခံရလည်း ကျွန်တော်ကပြုံးပြုံးလေးနဲ့ပျော်နေတာပဲ။ သူနမ်းတာခံရတိုင်း ရန်တွေ့တဲ့အခါရှိပေမဲ့ ကျွန်တော့်အပြုံးကတော့ အမြဲဖြစ်တည်နေတာမျိုးလေ။

❤️ကိုကို မတော်သေးဘူးလား အေးလာပြီ

🖤အင်း ပါးလေးတစ်ဖဲ့လောက် ကိုက်ပါရစေဦး

ရင်ခုန်ခြင်းတွေ မောလျခြင်းတွေ ရယ်မောခြင်းတွေက သူ့အနမ်းဆေးစက်ချရာ အရုပ်ထင်ရတဲ့ ပန်းချီလိုပါပဲ။

HodophilesWhere stories live. Discover now