" ဒါဆို နင်တယောက်ထဲ တသက်လုံး စောင်ကိုက်ပြီးပဲ နေလိုက်တော့ "

" ပျော်ပျော်ကြီးကိုနေလိုက်ဉီးမှာ "

ကျောင်းရောက်ရောက်ခြင်း ဂျောင်ဝူးက ဟာရူတိုနဲ့ ကောင်မလေးတစ်ယောက်က တူတူယှဉ်တွဲလို့ လျှောက်လာတာကို တွေ့လိုက်တယ် ။ ဒါကိုမြင်တော့ အကွက်ကိုစောင့်နေတဲ့ ဆိုယောင်းက

" ဂျောင်ဝူးရေ နင်ပြောတော့ ဟာရူတိုက နင်နဲ့ အဆင်ပြေနေပြီဆို ဟိုမှာ ကြည့်ပါဉီး "

" သူငယ်ချင်းဖြစ်ချင်ဖြစ်မှာပေါ့  "

ဂျောင်ဝူးက ထိုခဏမှာပဲ ပျော်နေတာတွေပျောက်ကွယ်လို့ စိတ်အိုက်လာတယ် ။  အဆာဟီ က " သူငယ်ချင်းပဲနေမှာဆိုပြီး ပြောပေးသလို ယိုရှီကလည်း အများကြီးမတွေးပါနဲ့တဲ့ ... ။
တကယ်တမ်းကျ ဟာရူတိုနဲ့ တစ်ခုခုပတ်သတ်နေတယ်ဆိုရင်ရော သူက ဘာတတ်နိုင်မှာတဲ့လဲ ...
ထိုအတွေးစက ခေါင်းထဲ ဝင်လာတဲ့အခါ ထပ်မံ ခေါင်းငိုက်စိုက်ကျရပြန်တာပဲ.. ။

/////

ဂျောင်ဝူးအတွက် ဒီကနေ့ ရာသီဥတုက မသာယာနိုင်တော့ဘူး ကန်းတင်းရောက်လည်း ထမင်းပန်ကန်ရှေ့ချလို့ ထိုင်နေတာ ဘလောက်ကြာသွားပြီလဲတောင်သူမသိဘူး ။
စိတ်ရှင်းချင်လို့ တွေ့ချင်တဲလူကိုလည်း အရိပ်တောင်မမြင်ရဘူး ။

သူရဲ့မူန်ကုပ်ကုပ်ဖြစ်နေတာကို သူငယ်ချင်းတွေက ကြည့်လိုက်သက်ပြင်းချလိုက်နဲ့ပါပဲ ဘာမှမသိတဲ့ အွန်းဗြောက မနေနိုင်စွာနဲ့ပဲ မေးလာတော့တယ် ။

" ဂျောင်ဝူးက ဘာဖြစ်လို့လဲ "

" သူ့ crush ကောင်မလေးတယောက်နဲ့တွေ့လိုက်လို့လေ "

ဆိုယောင်းက ဝင်ထောက်လာတယ် ။ အဲ့အချိန်မှာ အဆာဟီက တံတောင်နဲ့လှမ်းတွက်လိုက်တာကို အွန်းဗြောက မြင်လိုက်တယ်။

" ဟာရူတိုလား "

အွန်းဗြောရဲ့ စကားကြောင့် အားလုံး က အံ့သြကုန်တယ် ။ အားလုံးရဲ့ မျက်လုံးအကြည့်တွေက ယိုရှီဆီကို တမ်းရောက်ကုန်တယ် ။ အဲ့တော့မှ အွန်းဗြောက ပြာပြာသလဲ

" ယိုရှီ​မပြောပါဘူး အမဒီတိုင်းသိတာ ခန့်မှန်းကြည့်တာပေါ့ "

Going Crazy  [Completed]Where stories live. Discover now