The only home in this world [Unicode]

Začať od začiatku
                                    

သေမလိုခုန်နေတဲ့ ဝဲဘက်ရင်အုံကို အတော်ကြာကြာလေးဖိထားပြီးမှ သူသတိရတယ်။

"ကော်ဖီဖိုးမတောင်းခဲ့ရဘူးပဲ။"

********************
"ဖေကြီး...!"
ခြေတိုတို၊လက်တိုတိုလေးတွေနဲ့ ကျောပိုးအိတ်အဝါလေး လွယ်ထားတဲ့ကလေးလေးက အဲ့လို အော်ခေါ်ပြီး ဟိုလူကြီးရဲ့ပန်းဆိုင်ထဲ ပြေး၀င်သွားတယ်။ ဆိုင်မှာလူမရှိတာမို့ ဘေးစားပွဲဝိုင်းမှာ စာထိုင်ဖတ်သလိုလိုနဲ့ ကာထားတဲ့မှန်အကြည်က တစ်ဆင့် ရှေ့ဆိုင်ကလူကြီးကို ခိုးခိုးကြည့်နေတဲ့သူကတော့ မျက်လုံးပြူးကနဲ။

အဲ့လူကြီးက အိမ်ထောင်ရှိတာလား???
ဘာကြောင့်မှန်း မသိ၊ သူ့စိတ်ထဲက သာယာနေတဲ့ရာသီဥတုလေး တိမ်အုံ့စိုင်းသွားခဲ့။ စာလည်း ဆက်မဖတ်ဖြစ်တော့တာ သေချာသလောက်ပါပဲ။

••••
ညနေစောင်းပြီမို့ ဆိုင်တံခါးပိတ်နေရင်း "ဖေကြီးက ကော်ဖီဖိုးပေးခိုင်းလိုက်လို့ပါကိုကို"ဆိုတဲ့ ချစ်စရာအသံသေးသေးလေးက သူ့ဘေးနားက ထွက်လာတယ်။ ငုံ့ကြည့်လိုက်တော့ သူ့အင်္ကျီစကိုဆွဲထားတာက ဟိုပိစိလေး။ မျက်နှာခြင်းဆိုင်က ပန်းဆိုင်ကို လှမ်းကြည့်လိုက်တော့ ဆိုင်၀မှာထုတ်ထားတဲ့ နှင်းဆီပန်းတောင်းကို မပြီး အတွင်းထဲရွှေ့နေတဲ့ ဟိုလူကြီးက လှမ်းရယ်ပြတယ်။ ခြေဆယ်လှမ်းတောင်မပြည့်တဲ့ ဒီဘက်ကိုကူးလာဖို့ အဲ့လူကြီးဟာ သိပ်ကိုပျင်းတယ်ထင်ပါရဲ့။

ပိစိရဲ့ဆွဲခေါ်မှုနဲ့အတူ သူရှေ့ကဆိုင်ကို ပါလာရပြန်တယ်။ လူတွေကိုအရောင်နဲ့သတ်မှတ်ရမယ်ဆို ဒီပိစိက အဝါရောင်လေး။ ဟိုလူကြီးကတော့ အညိုမှိုင်းမှိုင်းပေါ့။ စစတွေ့ခြင်းမှာတင် သူ့စိတ်တွင်းရာသီဥတုကို ညှို့မှိုင်းစေတဲ့လူကြီး။

**Yellow color means happiness**

သေချာကြည့်မိမှ ဒီဆိုင်လေးထဲမှာ နေကြာပန်းတွေများတယ်မှန်း သိလိုက်ရတယ်။ နှင်းဆီနီတစ်ချို့နဲ့ တစ်ခြားပန်းတွေလည်း ရှိပေမယ့် သူ့မျက်လုံးတွေကတော့ အရေအတွက်များတဲ့ နေကြာရိုင်းတွေဆီမှာ နားတယ်။ နေကြာတွေရဲ့ အဓိပ်ပါယျဟာ စောင့်မျှော်ခြင်းပါတဲ့။ ဒီလူကြီးဟာ ဘယ်သူ့ကိုစောင့်မျှော်နေပါသလဲ? ဒါမှမဟုတ်လည်း ဒီတိုင်းသဘောကျတာလည်း ဖြစ်နိုင်ပါတယ်။ ဒီမြို့မှာအပေါဆုံးက နေကြာတွေပဲဟာ။ သူအတွေးလွန်နေတာ ဖြစ်ပါလိမ့်မယ်။ အဲ့လိုပဲ ဖြစ်စေချင်ခဲ့တယ်။

Short Stories by DianaWhere stories live. Discover now