- 1 - [ zawgyi ]

575 31 0
                                    

ရှောင်းကျန့်မရှိတဲ့ ၀မ်ရိပေါ်ရဲ့ မနက်ခင်းဟာ ၀ရုန်းသုန်းကားနိုင်လွန်းတယ်၊ ထောပတ်သုတ်ထားတဲ့ ပေါင်မုန့်မီးကင်ကို ပါးစပ်မှာကိုက်ရင်း နက်ခ်တိုင်ကို အမြန်စည်းရတယ်၊ အခန်းအပြည့် ဖွာလန်ကျဲနေတဲ့ ဖိုင်တွဲတွေကို ရုံးအိတ်ထဲ တစ်ခုချင်းစီ ကောက်ထည့်နေရတာက နဂိုကတည်း နောက်ကျနေပြီဖြစ်တဲ့ သူ့ရုံးချိန်အတွက် အကြီးမားဆုံး အန္တာရာယ်ပဲ၊

ကိုယ့်ကိုယ်ကိုယ် ပေါ့ဆလွန်းတယ်လို့သာ ညည်းတွားမိလိုက်ရင်း အားလုံး သေသပ်ပြီဆိုတာသေချာမှ မီးသေချာပိတ်ပြီး အလုပ်သွားဖို့ ဒုန်းစိုင်းရတယ်၊ မီးဖိုချောင်က သွေးတက်စရာ မည်းတူးနေတဲ့ ပေါင်မုန့်အစအနတွေကို ပြန်လာမှပဲ ရှင်းတော့မယ်လို့ တွေးထားလိုက်တယ်၊

" ကျန့်ကော.. ကျွန်တော် အလုပ်သွားပြီနော် "

တံခါးကိုမပိတ်ခင် ယောင်ယမ်းအော်မိလိုက်ပြီးမှ အိမ်မှာ ရှောင်းကျန့်မရှိတော့တာကို ပြန်သတိရသွားတယ်၊ ကြောင်အမ်းအမ်းဖြစ်ပြီး ခဏတာငြိမ်ကျသွားတဲ့ ရိပေါ်က လက်မှာပတ်ထားတဲ့ နာရီကို အကြည့်ရောက်မိတဲ့အခါ ပူဆွေးဖို့အချိန်မပေးနိုင်ပဲ ဘတ်စ်ကားမှီအောင် အမြန်ပြေးရပြန်တယ်၊

" လူလေး.. စာရောက်လာတယ် ပြီးတော့--"

" ဟုတ်၊ ကျွန်တော် နောက်ကျနေလို့ ရုံးပြန်မှ ၀င်ယူတော့မယ် ဦးလေး "

စကားဆက်ပြောချင်ပုံရတဲ့ အစောင့်ဦးလေးကြီးကို လက်ပြနှုတ်ဆက်ပြီး စကားစမြန်မြန်ဖြတ်လိုက်တယ်၊ မှတ်တိုင်ဆီကိုဦးတည်ပြီး လျှာထွက်မတပ် ပြေးပြီးတဲ့နောက်မှာ၊ လက်မတင်လေးတင် မှီလိုက်တဲ့ ဘတ်စကားဟာ အရင်လိုပဲ လူတွေပြည့်ကျပ်လို့နေတယ်၊

အဆင်ပြေမဲ့နေရာတစ်ခုကို ရွေးပြီးရပ်လိုက်တဲ့ ရိပေါ်က လက်ကိုင်တန်းကို ကိုင်ထားရင်း ကားလမ်းမအပြင်ဘက်ကို ငေးစိုက်ကြည့်နေခဲ့တယ်၊ ဘေးလူအနေနဲ့သာမြင်ရင် ရိပေါ်ရဲ့ပုံစံက သွားလာလှုပ်ရှားနေတဲ့ လူတွေဆီကို အာရုံရောက်နေတယ်လို့ ထင်ရပေမဲ့လည်း အမှန်တကယ်မှာတော့ သူ့အကြည့်တွေက ဗလာနတ္ထိဖြစ်လို့နေတယ်၊

" မင်းကို ချစ်မြတ်နိုးခဲ့သော နေ့ရက်များ "Tempat cerita menjadi hidup. Temukan sekarang