ချန်မင်တောင်Extra-1

966 72 13
                                    

Note:အောက်ပါအကြောင်းအရာတို့ကိုဖတ်ရှုမည့်သူများအနေနှင့် Authur Priestရေးသားပြီး Lingဘာသာပြန်ဆိုပေးထားသော "လေလွင့်ခရီးသည်"ဝတ္ထုကိုဦးစွာဖတ်ရှုရန်လိုအပ်ကြောင်း။

***************

(Tian Ya Keမှဝမ်းကျိုး)

အခန်းအတွင်းအမှောင်ထုကသာနေရာယူထားလျက် တစ်ခုတည်းသောအလင်းရောင်မှာကား ခပ်ဟဟဖွင့်ထားသောပြတင်းမှတစ်ဆင့် ဖြာကျလျက်ရှိသောကြယ်ရောင်နှင့်လရောင်ဖျော့ဖျော့သာ။

ဝမ်းခယ့်ရှင်၏တင်းတင်းကြပ်ကြပ်ပွေ့ဖက်ခြင်းကိုခံထားရသောကျိုးကျစ်ရှုးမှာနေမထိထိုင်မသာဖြစ်နေသော်လည်း တစ်ဖက်လူ၏စိတ်အစဉ်မှာယောက်ယက်ခတ်နေလျက်။ကုတင်ဘေးပတ်လည်အားကာရံထားသောဖြူလွလွလိုက်ကာတို့အားငေးကြည့်ရင်း ကျိုးကျစ်ရှူးမှာသေရည်သောက်ထား၍လားမသိ။ရီဝေဝေဖြစ်လာသလိုစိတ်အာရုံတို့မှာလည်းတောင်စဉ်ရေမရ။

သူ့နာမည်အားတဖွဖွခေါ်လျက် လည်တိုင်အားမျက်နှာအပ်ကာခပ်ဖွဖွနမ်းရှုံ့နေသောဝမ်းခယ့်ရှင်အားခါတိုင်းအချိန်ဆိုနှစ်ချက်သုံးချက်လောက်ဆော်ပလော်တီးနေပြီဖြစ်သော်လည်း ယခုကမတူ။

ကောင်းကင်ပြတင်း၏ခေါင်းဆောင် ကျိုးကျစ်ရှူးမှာကား အမြဲလိုလိုလက်လှမ်းမမီနိုင်သောနေရာတွင်သာတစ်သီးတစ်ခြားရပ်တည်ခဲ့သူ။ပေးအပ်လာသည့်တာဝန်တို့မှာတရားသည်ဖြစ်စေ။မတရားသည်ဖြစ်စေ။ နှလုံးသားမရှိ၊ခံစားချက်မရှိသော အစဉ်အမြဲတစ်သမတ်ပုံစံဖြင့်သာ မိမိ၏ဆန္ဒသဘောကိုချိုးနှိမ်လျက် တာဝန်ကျေပွန်အောင်ဆောင်ရွက်ရင်း ဘဝသက်တမ်းတစ်ဝက်စာလောက်နေထိုင်ရုန်းကန်ခဲ့ရသူ။

စိတ်ရင်းအမှန်နှင့်ဆက်ဆံခံရသည်မှာ သူ့ဘဝတွင်ကြုံတောင့်ကြုံခဲဖြစ်ရပ်မျိုးသာ။မတည်မြဲသောလောကဓံတရား၏ကျီစယ်မှုအောက်တွင် မိမိချစ်ခင်ရသူများကြွေလွင့်ခဲ့ရသည်ကိုပင် ကူကယ်ရာမဲ့စွာဖြင့်ကြည့်ရုံသာတတ်နိုင်ခဲ့သည့်အခြေအနေများကမရေမတွက်နိုင်အောင်ပင်။

မည်သူကရော ထိုကဲ့သို့ဖြစ်စေချင်ပါသနည်း။မည်သူကရော နှလုံးသားမရှိ ခံစားချက်မရှိသည့်လူတစ်ယောက်သာသာအနေနှင့်ထာဝရနေထိုင်နိုင်ပါမည်နည်း။မည်သူကရော မိုးကောင်းကင်ကသတ်မှတ်ပေးထားသည့်ကံကြမ္မာကိုလွန်ဆန်ရဲနိုင်ပါမည်နည်း။

Tian Ya Ke & Shen He Ling One Shot FictionWhere stories live. Discover now