29 (Final Episode)

Mulai dari awal
                                    

"Jane ခဏလေးပါ။ အစ်မပြောတာနားထောင်ပေးပါ"

ပွင့်သွားသည့်ဓာတ်လှေကားအတွင်းမှ လူများထွက်သွားသည်။ Jane ၏ ညာဘက်လက်ကို ဖြတ်ခနဲလှမ်းဆွဲ၍ ပြောသည့်အခါ Jane က မလှုပ်မရှက်။

"Jane ကို အစ်မ လမ်းမခွဲပေးနိုင်ဘူး။ မနေ့ကပြောခဲ့တာ စိတ်ရင်းမဟုတ်ပါဘူး။ ဝေးသွားရမှ Jane ကျေနပ်မယ်ထင်လို့။ ဒါပေမယ့်"

"ဝေးသွားရမှ ကျေနပ်တယ်ဆိုတာမျိုးမရှိဘူးအစ်မ။ ညီမက အစ်မကို သိပ်ကြောက်သွားရုံသက်သက်ပါပဲ။ Teh က ဒီနေ့ Jongsuk နေရာကို ရောက်လာမှာ ကြိုဆိုပွဲရှိသေးတယ်။ ကျွန်မကို သွားခွင့်ပြုပါ"

သွားခွင့်ပြုပါ။ သွားခွင့်ပြုပါ တဲ့။ ဘဝထဲကနေ ထွက်သွားခွင့်တောင်းနေသလိုမျိုး သူမဘာကြောင့်ခံစားနေမိရတာလဲ။

"အစ်မကိုသနားပါ ကလေးရယ်"

ဒူးနှစ်ဖက်ကိုထောက်ချ၍ မျက်လုံးစုံမှိတ်ရေရွတ်လိုက်မိပါသည်။ Jisoo ဘယ်လိုလုပ်မှများ Jane ဆိုတဲ့အမျိုးသမီးငယ်လေးရဲ့ စိတ်ဆိုးမှုကို ပြေပျောက်စေနိုင်မှာလဲ။

"နေရခက်အောင်မလုပ်ပါနဲ့။ ကျွန်မနောက်ကနေ ခပ်ခွါခွါပဲလိုက်ခဲ့"

ထွက်သွားတဲ့ ဒေါက်ဖိနပ်သံသဲ့သဲ့၏အဆုံး၌ မျက်ရည်တို့ လျှံကျလာသည်။ Jane သူမကိုမုန်းသွားပြီ။ Jane သူမကိုမုန်းသွားပါပြီ။

"Jisoo shi အဆင်ပြေရဲ့လား"

ဓာတ်လှေကားအတွင်းသို့ ထပ်ဝင်လာသည့်ဝန်ထမ်းများက ဒူးထောက်ချ၍ ငိုနေသည့်သူမကို အလောတကြီးပွေ့ထူ၍မေးသည်။ အကုန်လုံး၏ မျက်နှာများကိုငေးမော့ကြည့်မိသည်။ ဒါသူမကို သနားနေကြသည့်မျက်ဝန်းတွေလား။

"ပြေ..ပြေပါတယ်"

လွယ်အိတ်အဖြူရောင်ကို ပုခုံးထက်၌ ပြင်လွယ်၍ ထွက်လာလိုက်သည်။ ဆုံးရှုံးနာကျင်မှု၏ဒဏ်ကို အလူးအလဲခံစားနေရသည်။ ဆုံးရှူံးမှု၊ အဲ့နောက်ကပါလာတဲ့ နာကျင်မှု။ လူတစ်ဦး၏ခံနိုင်ရည်ကိုတော့ ဘုရားသခင်က ထည့်တွက်ငဲ့ညှာသင့်ပါတယ်။

"နင်နေကောင်းလို့လား။ မျက်နှာကိုလည်းကြည့်ပါဦး ဖြူဖက်နေတာပဲ။ အလုပ်နားထားလို့ဖြစ်တာကို"

ချည်တိုင်Tempat cerita menjadi hidup. Temukan sekarang