深深的痛苦 (Unicode)

Start from the beginning
                                    

ဒါ​ပေမယ့် သူမ အာဃာတ​တော့ မထားမိ။ လူသားနဲ့ မိစာ္ဆ !. ယှဉ်​တွဲ​နေလို့မရတာ သူမ သ​ဘော​ပေါက်​သည်​။

မိစာ္ဆဖြစ်​​နေသည့် သူမ ဘယ်​​လောက်​ပဲ ​ကောင်းတာ လုပ်​လုပ်​ ​ကောင်း​အောင်​ ​နေ​နေ လူသား​တွေက အ​ကောင်းမမြင်​မှာ မဟုတ်​တာ သူမ သိသည်​။

အနည်းဆုံး​တော့ သူမ ချစ်​ရသူ လက်​ထဲမှာ ​သေခွင့်ရတာ အကြီးဆုံး ဆုလာဘ်​တစ်​ခုအဖြစ်​ မှတ်​ယူမိပါသည်​။

" ​ရှောင်​ဟုန်​ ! "

" အင်း "

သူမ ​ခေါ်လိုက်​​တော့ သူက ခပ်​သဲ့သဲ့ ထူးသည်​။ အရင်​လို ရန်​​တွေ့​စေချင်​လိုက်​တာ။ ​​ရှောင်​ဟုန်​ ဟု ​ခေါ်တိုင်း အမြဲ ရန်​ဖြစ်​ရတာ​လေးကို ​တွေးမိရင်း သူမပြုံးမိပြန်​သည်​။

ဝမ်းဟုန်​(温虹)ဆိုသည့် နာမည်​က မိန်းက​လေးဆန်​လို့ သ​ဘောမကျသည့် သူ့ကို ​ရှောင်​ဟုန်​(သက်​တန့်​လေး) ဟု စ​နောက်​​ခေါ်မိတိုင်း အမြဲရန်​ဖြစ်​ရသည်​။ ​အခု​တော့ သူ ကျူးအာ(ပုလဲ​လေး)နဲ့ ရန်​ဖြစ်​ဖို့ စိတ်​မပါဘူး ထင်​ပါရဲ့။

" နင်​ နဲ့ ငါ ပထမဆုံး စ​တွေ့တာ နင်​ မှတ်​မိလား ? "

ဆေးပင်​ အရှာသွားသည့် သူ့​နောက်​က​နေ သူ မမြင်​​အောင်​ ပုန်းကွယ်​ကာ ​တောက်​​လျှောက်​လိုက်​​နေရင်း စ ​နောက်​​နေသည့် သူမ။

​ခြင်းထဲမှာ မွစာကြဲ​နေသည့် ​ဆေးဖက်​ဝင်​တာ​တွေ​ရော မဝင်​တာ​တွေ​ရော ရှုပ်​ယှက်​ခတ်​​နေသည့် အပြင်​ အဆိပ်​ပင်​တွေကိုပါ လာ​ရောထည့်ထား​တော့ ရှာထားသမျှ အကုန်​ ဘာတစ်​ခုမှ သုံးမရ​တော့။

သူ့ကို ခဲနဲ့ ​ပေါက်​ စ​နောက်​တာ​လောက်​ .. ​ချော်​လဲ​အောင်​ လုပ်​တာ​လောက်​က ဘာမှမဖြစ်​​ပေမယ့် တ​နေကုန်​ ပင်​ပင်​ပန်းပန်း ရှာထားသည့် ​ဆေးပင်​​တွေ ပစ်​လိုက်​ရတာမို့ လူက ​တော်​​တော်​ စိတ်​တိုသွားပြီး ​​နောက်​ဆုံး စိတ်​မရှည်​​တော့ဘဲ ​အော်​ဟစ်​ကြိမ်း​မောင်း​တော့မှ ပုန်း​နေရာမှ ထွက်​လာပြီး ​​ဘာအပြစ်​မှ လုပ်​မထားသည့် ပုံစံ​လေးဖြင့် သူ့ ​ရှေ့လာရပ်​သည့် သူမ။ သူ စိတ်​တို​နေတာ မြင်​ရဲ့သားနဲ့​တောင်​ ပြုံးဖြီးဖြီးနှင့် ရယ်​ပြ​နေ​သေးသည်​။ ​

>>လွမ်းပုံပြင်<< Z+U [[One Shot//Completed]]Where stories live. Discover now