အမေခရီးသွားတာ မေ့သွားလို့ပါ

254 21 0
                                    

Zhou ShuYi ဧည့်ခန်းတွင် ထိုင်ရင်း ဖုန်းသုံးနေသော်လည်း စိတ်က ဖုန်းမျက်နှာပြင်တွင်မရှိ။ မီးဖိုချောင်ကို လှမ်းကြည့်သော်လည်း ည‌နေစာတူတူ စားပြီးကတည်းက ပန်းကန်ဆေးနေသော Gao ShiDe က ပြီးပုံမပေါ်သေး။ Zhou ShuYi စိတ်မရှည်တော့၍ Gao ShiDe နား ဝေ့လည် ဝေ့လည် သွားလုပ်နေသည်။

ပြုံးစိစိ မျက်နှာပေးနှင့် အနားရောက်လာသော Zhou ShuYi ကို Gao ShiDe က ပြန်ပြုံးပြ၍ မေးငေါ့ပြလိုက်သည်။ ထိုအခါ Zhou ShuYi က
"မပြီးသေးဘူးလား... ငါကူပေးရမလား"
Gao ShiDe ပြုံး၍
"ရပါတယ်... ငါ‌ပန်ကန်း‌ဆေးရင်း ရေမကူးချင်တော့ပါဘူး"
Gao ShiDe စကား၏ ဆိုလိုရင်းကို သဘောပေါက်သော Zhou ShuYi တစ်ယောက် ချက်ချင်းဆိုသလို စူပုပ်ပြီး Gao ShiDe ၏ လက်မောင်းကို "ဖတ်"ခနဲရိုက်ပစ်လိုက်သည်။ အရိုက်ခံလိုက်ရသော Gao ShiDe တစ်ယောက် တဟီးဟီး ရယ်မောရင်း
"ပြီးပါပြီ... ဒါလေးပြီးရင် ပြီးပြီ... အခန်းထဲမှာ Manga တွေ ဖတ်ရင်း‌ စောင့်နေပါလား... လိုက်လာခဲ့မယ်လေ"

Gao ShiDe အခန်းရှိရာဘက်ကို မေးလေး ထိုးပြပြီး သွားဖို့ ပြောတော့ Zhou ShuYi တစ်ယောက် နှာခေါင်းရှုံ့ပြပြီး ထွက်သွားတော့သည်။
#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#

မီးရောင်ပျပျသာရှိသော ‌Gao ShiDe ၏ အခန်းအတွင်း စာကြည့်စားပွဲတစ်လုံးသာ မီးလင်းနေသည်။ ထိုစားပွဲတွင် ချစ်သူနှစ်ဦး မျက်နှာချင်းဆိုင် ပေါင်ချင်း ယှက်ထိုင်၍ Manga တစ်ယောက်တစ်အုပ်စီနှင့် ဖတ်နေကြသည်။ Zhou ShuYi တစ်ယောက် Manga ဖတ်နေရင်း လှုပ်လှုပ်ရွရွဖြစ်လာသည်။ စာအုပ်ကိုသာ အာရုံစိုက်နေသော Gao ShiDe ကို ကြည့်၍ ပါးတစ်ခြမ်းမဲ့၍ စုတ်သပ်လိုက်သည်။
"Gao ShiDe..."
Zhou ShuYi ပေါင်ကို လှုပ်၍ ခေါ်လိုက်သည်။ Zhou ShuYi ၏ ခေါ်သံကြောင့် Gao ShiDe စာအုပ်ဖတ်ရင်းပဲ ထူးလိုက်သည်။
"အွင်း..."
"မင်း‌ ပြောတော့ အမေက တွေ့ချင်တာဆို"
Gao ShiDe တစ်ယောက် Zhou ShuYi ကို ခပ်ပြုံးပြုံး လှမ်းကြည့်၍
"ဟုတ်တယ် အမေက မင်းကို တွေ့ချင်နေတာ... ဒါပေမဲ့... ဒီနေ့ အမေ ခရီးသွားတာကိုတော့ ငါမေ့သွားတယ်"
Zhou ShuYi တစ်ယောက် Gao ShiDe ၏ အကြံအစည်ကို ရိပ်မိသောကြောင့် မျက်မှောင်ကြုတ် ကြည့်ပြီး
"အပိုတွေ ပြောနေတယ်..."

Gao ShiDe အကြံအစည်ကို ရိပ်မိသွားသော Zhou ShuYi ကြောင့် အရှက်ပြေ သွားပေါ်အောင် ‌ပြုံးပြလိုက်သည်။ Zhou ShuYi ၏ မျက်နှာမှာလည်း ချက်ချင်းဆိုသလို ပြုံး၍ Gao ShiDe ၏ ပါးတစ်ဖက်ကို လက်ဝါးတစ်ဖက်ဖြင့် အုပ်ကိုင်လိုက်သည်။
"မင်းငါ့ကို ညဏ်နီညဏ်နက်တွေ သုံးပြီး အိမ်ခေါ်ထားတာ Manga ဖတ်ဖို့လား"

"Zhou ShuYi, I love You"Where stories live. Discover now