Our cutie babe<1>

18.2K 370 28
                                    

Unicode,
"ဖေဖေ့အမျိုးတွေကျတော့ ဟိုလူရောဂါဖြစ်လည်း သားကိုကြည့်ခိုင်း ဒီလူဖြစ်လည်းကြည့်ခိုင်းနဲ့ အခုသားညီလေးကိုကျတော့ သားဆေးကုပေးလို့မရဘူးလား...."

"ငါ့သားကိုငါ ကုပေးနိုင်တယ်ကွငါဂရုစိုက်နိုင်တယ်..."

ခေတ်မင်းဈာန် စိတ်ပျက်စွာ ခေါင်းခါလိုက်ရင်း
"ဘယ်လိုလဲဖေဖေ...မြန်မာဆေးနည်းတွေနဲ့လား...ညီလေးရောဂါက ၂နှစ်လောက်ရှိပြီ ဖေဖေကုနေတာပျောက်လို့လား...ဒီတိုင်းဆို‌လမ်းမလျှောက်နိုင်တဲ့အထိဖြစ်သွားလိမ့်မယ်..."
(မြန်မာဆေးကိုစော်ကားတာမဟုတ်ပါဘူးရှင် သူနည်းသူ့ဟန်တော့ အသုံး၀င်ပါတယ်...,ဇာတ်လမ်းအရထည့်ရေးလိုက်တာမို့လို့ပါ...)
"မင်းတို့သဘောပဲ....ကြိုက်ရာသာလုပ်ကြ...ငါကငါ့သားကိုတော့ ဒုက္ခိတဖြစ်အောင်လုပ်မလား...."

ဖေဖေနဲ့ကိုကြီး အခြေ‌အတင်စကားများနေတာကိုယ့်ကြောင့်ပါလားဆိုတဲ့ စိတ်က၀င်လာပြန်တော့ ချစ်မင်းမိုရ် တစ်ယောက် ‌တံခါးနောက်ကနေချောင်းကြည့်နေရင်းမျက်ရည်ကကျလာရပြန်သည်။

ငါသာဒီခြေထောက်ကောင်းနေခဲ့ရင်ဆိုတဲ့အတွေးက မင်းမိုရ်ကို နှိပ်စက်နေပြန်သည်။
မင်းမိုရ်ဟာ အပြင်ပိုင်းသာမာကျောတယ်ထင်ရပေမဲ့ သိပ်အားငယ်တတ်သူ‌တစ်ယောက်...
မင်းမိုရ် ဒူးခေါင်းကနာနေတာ လွန်ခဲ့တဲ့(၂)နှစ် ဆင်တုပ်ကွေးဖြစ်ပြီးထဲက
အစကတော့ အရမ်းမဆိုးပေမဲ့နောက်ပိုင်း လမ်းမလျှောက်နိုင်တဲ့အထိဖြစ်ခဲ့တာကြောင့် မြို့လေးကဆေးခန်းမှာ အကိုက်ခဲပျောက်ဆေးလောက်ထိုးပြီး ဖေကြီးက မြန်မာဆေးနဲ့သာကုပေးသည်။ ရှင်းရှင်းပြောရရင် မင်းမိုရ်အားငယ်မိသည်။ ကိုယ့်အသက်က(၁၉)နှစ်သာရှိသေးတာ ခြေထောက်မကောင်းတာကြောင့် ရွယ်တူတွေလို လမ်းလျှောက်လို့မရ ပြေးလို့မရနဲ့ သိပ်စိတ်ပျက်ဖို့ကောင်းလွန်းသည်။
မင်းမိုရ် ကျောင်းတုန်းကအပြေးသန်ခဲ့တဲ့ခြေထောက်လေးတွေပြန်လိုချင်သည်။

အခုက လမ်းလျှောက်ရင်တောင် အိမ်ရှေ့နဲ့နောက်တင်တော်တော်နာနေပြီဖြစ်သည်။ အမြဲအိပ်ယာထဲနေ ထိုင်ခုံမှာပဲထိုင်နေရတာကြောင့် မင်းမိုရ်အပြင်လောကနှင့်မထိတွေ့တာ ၁နှစ်ခွဲလောက်ပင်ရှိပြီ....

One ShotsWhere stories live. Discover now