Chapter-25(U+Z)

Comincia dall'inizio
                                    

"ကာလနဂါး ဒီနေ့ အောင်စာရင်းထွက်မှာလေ မင်း နည်းနည်းလေးမှ ရင်မခုန်ဘူးလား"

"ရင်မခုန်ပါဘူး ငါက အောင်မှာသေချာနေတာပဲ.."

"စကားများမနေပါနဲ့ကွာ..သွားရအောင်"

"အေးအေး"

အမေ့ကိုတော့ ပြောချိန်မရှိတော့။ အမေတစ်ယောက် ဘုရားစင်ရှေ့တွက် ဘုရားစာနှုတ်တိုက်ရွတ်ရင်း တဖွဖွဆုတောင်းနေသည်မို့ မ‌ပြောတော့ဘဲ သွားရန်ပြင်လိုက်လေသည်။ထို့နောက်  သူတို့နှစ်ယောက် အိမ်လေးပေါ်ဆင်းလာခဲ့လိုက်ကြသည်။

ရင်ခုန်ခြင်းများစွာနှင့် ရှေ့ဆက်လျှောက်လှမ်းဖို့ အားမာန်အပြည့် ခြေလှမ်းများဖြင့်။

"မင်း စက်ဘီး ယူမနေနဲ့ ငါ့စက်ဘီးနဲ့ပဲ သွားရအောင်.."

စက်ဘီးထုတ်ရန် ဟန်ပြင်နေသော နောင်ရိုးသစ်အား ထိန်လင်း တားလိုက်သည်။ ဒီကောင်နဲ့ စက်ဘီးအတူမစီးရတာကြာပြီမို့ စက်ဘီးအတူစီးချင်မိသည်လေ...။

စက်ဘီးအနောက်ကယ်ရီယာခုံပေါ်သို့ နောင်ရိုးသစ်၏ ကိုယ်လေးစွေ့ခနဲရောက်လာ ပြီးနောက် အားကြိုးမာန်တက်ဖြင့် သွက်လက်သော ခြေလှမ်းများဖြင့် ကျောင်းရှိရာဆီ စက်ဘီးကလေးအား အားစိုက်ကာ နင်းလာခဲ့လိုက်‌ေလသည်။

မိုးရွာပြီးခါစ မြေသားနံ့သင်းသင်းလေးပေါ်ထွက်နေသော မြေသား‌မညီမညာ လမ်းလေးထက်တွင် မြို့ဈေးသွားကာ ကုန်စိမ်းဝယ်ယူပြီး ရွာတွင် ပြန်ရောင်းချမည့် လူအချို့မှ လွဲ၍ လူသိပ်မရှိလှပေ။
လမ်းရှင်းလှသည်မို့ စာသင်ကျောင်းရှိရာဆီသို့ ခပ်မြန်မြန်နင်းလာခဲ့လိုက်လေသည်။

ကျောင်းရှေ့သို့ ရောက်တော့ ရောင်နီပင် မသမ်းသေးပေ။ကျောင်းတံခါးရှေ့တွင် လူများ ကြိတ်ကြိတ်တိုးနေလေသည်။ ကျောင်းတံခါးကြီးကတော့ မဖွင့်သေးပေ။ကျောင်းဝန်းထဲရှိ ဆရာ၊ဆရာမအချို့သည် လက်နှိပ်ဓာတ်မီးများကို အသုံးပြုကာ အောင်စာရင်းစာရွက်များ ကပ်နေကြသည်။

"တံခါးဖွင့်ပေးတော့ပါဗျို့"

ဘယ်သူကမှန်းမသိ စအော်လိုက်သည့်အသံကြောင့် တံခါးရှေ့တွင် ရပ်နေကြသော လူအုပ်ကကြီးသည်လည်း "တံခါးဖွင့်ပေးတော့ပါဗျို့"ဟု အော်ဟစ်ရင်း ညံနေ‌လေတော့သည်။

ခွင့် (Unicode+Zawgyi)Dove le storie prendono vita. Scoprilo ora