တီ တီ တီ...

"အာ ရိပေါ်ပဲ ဟယ်လို ရိပေါ်..."

တစ်ဖက်ကဖုန်းပြောရင်း လက်တစ်ဖက်က Milk tea ၂ဘူးအသာလေးပါသွားသေးသည်...

"အတော်လေးကို သောက်ချင်နေရှာတာပဲ ဘေးလူတွေကများမြင်ရင် ငါတို့ကပဲ မကျွေးပဲ အငတ်ထားနေတယ် ထင်နေဉီးမယ် စားရသလောက် အမြဲစားချင်နေတာ"

"ဖေကြီးရယ် ကျွန်မတို့မှာ ဒီသားလေးတစ်ယောက်ပဲရှိတာကို ရှာသမျှကလည်း သားအတွက်ပဲမဟုတ်လား သားစိတ်တိုင်းကျပဲ ဖြစ်ပါစေ"

"အေးအေး ဒီအမေနဲ့ ဒီသားလိုက်လှပါတယ် ငါအိပ်တော့မယ်"

ဒီလိုနဲ့ပဲ ရှောင်ပါးနဲ့ ရှောင်မားအခန်းထဲမှာ အသံလေးတွေ ထွက်လာခဲ့ပါတော့တယ်... (ခြင်ရိုက်သံ)

"ရိပေါ် နေကောင်းတယ်မဟုတ်လား"

"ကောင်းတာပေါ့ကောရဲ့ ကောပြောသလိုဆေးလည်းသောက် အစားလည်းစားတယ်လေ"

"အင်း တော်လိုက်တာ"

"ကော ဘာတွေစားနေတာလဲ"

"အာ ကော Milk Tea သောက်နေတာ အိမ်မှာ Milk Tea တွေအများကြီးလာပို့သွားလို့"

"ဘယ်သူလဲကောရဲ့..."

"ကောလည်းမသိဘူး ထားလိုက်ပါ ဘယ်သူပဲဖြစ်ဖြစ် ကောသောက်ရတာပေါ့ ဟီး"

"ဟုတ်ပါပြီ ကောပဲသောက်ပါ အော် ဒါနဲ့ ကော... ဟိုတစ်ခါက ကောပြောဖူးတယ်လေ အဖြူရောင်ကီးချိန်းလေးဆိုတာ"

"အင်း ဘာဖြစ်လို့လဲရိပေါ်..."

"ကျွန်တော် ကောပေးတဲ့ Vd ကိုကြည့်ရင်း အမှတ်တမဲ့တွေ့လိုက်တာလေးက အဖြူရောင်ပေမဲ့ ကောပြောတဲ့ ကီးချိန်းလေးများ ဖြစ်နေမလားလို့ အဲ့တာ ကောကို ပြချင်လို့ မနက်ဖြန် ကောဆီကျွန်တော်လာခဲ့မယ်နော်..."

"အင်းပါ ကောမနက်ဖြန် ဆိုင်မှာပဲရှိနေမှာ ဆိုင်ကိုလာခဲ့ပေါ့..."

"ဟုတ်ကဲ့ကော အစစအရာရာ ဂရုစိုက်နော် ကောလည်းပင်ပန်းနေမှာပေါ့ ဒါဆို ကျွန်တော့်ချစ်သူလေး Good night ပါနော် ချစ်တယ်..."

"အင်း ကောလည်းချစ်တယ် မွ"

"ကျွန်တော်လည်း မွ..."

If dreams can tell the future...(Complete)Where stories live. Discover now