Chp(3)Let's go to bed

5.5K 937 11
                                    

[Unicode]

   Tao Wen အတွက် ဝိညာဉ်ကူးပြောင်းလာတာ ပိုကောင်းတယ် ဆိုတဲ့အချက်က မသင့်မလျော် မဖြစ်ပါဘူး။ မိဘမဲ့တစ်ယောက်ဖြစ်ပြီး  တသီးတသန့် နေတတ်တဲ့ စရိုက်ရှိသူအတွက်  သေတာထက် ကူးပြောင်းလာတာ ပိုကောင်းပါတယ်။

    သူ့ရဲ့ အခုလက်ရှိ ခန္ဓာကိုယ်ကို သေရွာပို့ချင်နေတဲ့ မင်းကြီးရှိနေရင်တောင်မှ သူ့မှာ သစ္စာရှိခွေးလေး ရှိသေးတယ်။ သူ့သာ အတိုင်းအတာကျော်တဲ့ထိ မနှောင့်ယှက်သရွေ့ သူ့မှာ အန္တရာယ် မရှိနိုင်ဘူး.....ဒါပေမဲ့ ဒီ gong နဲ့ shou ပြဿနာကတော့ နည်းနည်း ခက်လောက်မယ်။

    "မင်းခန္ဓာကိုယ် ဘယ်လိုနေလဲ?" Tao Wen ညင်သာစွာ မေးလိုက်တယ်။

    သူတို့မ'လုပ်'ခင်တုန်းက မင်းသားနဲ့ အရိပ်တပ်သားကြားရှိ ဆက်ဆံရေးက အတော်လေး ကောင်းမွန်တယ်။ မင်းသားက အရင်မင်းကြီးအပေါ် လည်း ကောင်းခဲ့တယ်။ မင်းသားသာ အဲ့လိုမဟုတ်ခဲ့ရင် အရိပ်တပ်သားကလည်း မင်းသားကို လေးစားမှာ မဟုတ်ပေ။ မင်းသားက  အရိပ်တပ်သားကို ကြာပွတ်နဲ့ရိုက်ခြင်းက ပထမဆုံးအကြိမ် ဖြစ်တယ်။ သို့ပေမဲ့လည်း အရိပ်တပ်သားရဲ့ ဒဏ်ရာတွေက အရမ်း အကျက်မြန်တဲ့အတွက် မင်းသားက သူ့အရိပ်တပ်သားကို ရိုက်တတ်တဲ့ အကျင့်ဖြစ်သွားခဲ့ပြီး နောက်ဆုံးတော့ လူဖျင်း gong လမ်းကြောင်းကို ရောက်သွားခဲ့တယ်။

    "သခင်,ဒီအစေခံ အဆင်ပြေပါတယ်" Xiao Er က တည်ငြိမ်လေးနက်တဲ့ မျက်နှာအမူအရာနဲ့ ပြန်ဖြေခဲ့တယ်။

    အရိပ်တပ်သားခန္ဓာကိုယ်က သွေးနံ့ဖျော့ဖျော့နဲ့ ဆေးဝါးနံ့ထွက်နေတာကို ကြည့်ပြီး Tao Wen တစ်ဖက်လူရဲ့ စကားတွေက ယုံကြည်နိုင်စရာမရှိဘူးလို့ တွေးနေမိတယ်။ သူ ရှင်းရှင်းလင်းလင်း မှတ်မိတာက မင်းသား သူ အသိစိတ် ပြန်ဝင်လာပြီး ယောက်ျားတစ်ယောက်နဲ့ လုပ်မိမှန်း သိသွားတော့ ဒီလူကို ကြာပွတ်နဲ့ အချက်၁၀၀လောက် ရိုက်နှက်ခဲ့တယ်။

    "အိပ်ရာပေါ် တက်ပြီး အနားယူ"

   Xiao Er ချက်ချင်း ဒူးထောက်လိုက်တယ် "ဒီအစေခံ မလုပ်ရဲပါဘူး!"

  "ထစမ်း!"

   Tao Wen ထိုင်ရာက ထလိုက်တယ်။

   "သခင်, လဲလျောင်းနေပါ,သခင့်မှာအအေးမိ...." Xiao Erက မြန်မြန်ပြောလိုက်ပေမဲ့  သူ့အဆင့်ကို ကျော်သွားမှန်း သိပုံရတယ်။ သူ ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်သက်သက် ခေါင်းငုံ့လိုက်တယ်။

မင်းသားလေးရဲ့သစ္စာစောင့်သိတဲ့ချစ်သူ {ဘာသာပြန်} [Completed]Where stories live. Discover now